(ထုတ်ပြန်ချက်ထုတ်ပြန်သည့်အချိန်မှစ၍မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှု မျိုးမှလွဲ၍ ထိုးစစ်ရပ်နားမည်ဟုဆို)
နိရဉ္စရာ၊ ဇွန် ၂/၂၀၂၅
မြန်မာ နိုင်ငံ နေရာအနှံ့အပြားတွင် ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက်တစ်ဖက်သတ် အပစ်ရပ်ကာလအား (၃)ကြိမ်မြောက်အဖြစ် နောက်ထပ် (၁) လသက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ကြေညာလိုက်သည်။
အပစ်ရပ်ကာလမှာ ယခုဇွန်လ (၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ သက်တမ်း တိုးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ခုနှစ်၊ မတ်လ (၂၈/၂၉/၃၀) ရက်များတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ ပဲခူးတိုင်း နှင့် နေပြည်တော် အပါအဝင်မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတို့တွင်ရစ် (ခ်) တာစကေး (၇.၇)အဆင့်ရှိ အင်အားအလွန်ပြင်း ငလျင်ကြီးလှုပ်ခတ်ခဲ့သည်။
ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက် ယခုကဲ့သို့အပစ်အခတ်ရပ်စဲရေးကာလကို (၃)ကြိမ်မြောက်အနေဖြင့် ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဧပြီလမှစ၍ ယခုဇွန်လ အထိဆိုလျှင် (၃)ကြိမ်မြောက် အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်းသိရသည်။
သို့ရာတွင် အဆိုပါအင်အားပြင်းငလျင်နှင့် ငလျင်ငယ်များ၏ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို လုပ်ဆောင်နေကြသည့်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် (၂) လတာ ကြာသည့်တိုင်အောင်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မရှိသည့်အပြင်မိုးသည်းထန်စွာရွာသွန်း၍ အဆောက်အအုံများ ထပ်မံပြိုကျ ပျက်စီးမှုများရှိနေသေးကြောင်း ကြားသိရပါသည်။
ထို့ကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့် ဆက်စပ်သောလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့မှ (၃၀) ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ သက်တမ်း တိုးလိုက်ကြောင်းဟု ထုတ်ပြန်ချက်ကပြောသည်။
ဤထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် " မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှု မျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း " ဖော်ပြထားသည်။
အပစ်ရပ်စဲကြောင့်ထုတ်ပြန်ပြီးမကြာခဏအရပ်သားပြည်သူများကိုဗုံးကြဲသတ်ဖြတ်လေ့ရှိသောစစ်ကောင်စီသည်ယာယီအပစ်အခတ်ရပ်စဲရေးကို ဇွန်လ၁ရက်နေ့မှ ၃၀ရက်နေ့ထိ ထပ်မံတိုးမြှင့်လိုက်သည်ဟုမေလ၃၁ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။