Preview

ကျောက်ဖြူကပ်သပြေရွာအနီးဝန်းကျင်တွင်တိုက်ပွဲဖြစ်

သဉ္ဇာနွယ် | ဇွန် ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :2914
ရခိုင် သတင်း

နိရဉ္စရာ၊ဇွန်၄/၂၀၂၅

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်ကပ်သပြေကျေးရွာအနီးတွင်စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်တို့အကြားယမန်နေ့ညနေကတိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟုသတင်းရရှိသည်။  

ကျောက်ဖြူဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက" ဓည၀တီရေတပ်ဌာနချုပ်ကလက်နက်ကြီးတွေပစ်ကူပြီးစစ်သားတွေစစ်ကြောင်းထိုးတာရှိတယ်။အေအေရှိနိုင်တဲ့နေရာတွေကိုမှန်းပြီးစစ်ကြောင်းထိုးပုံရတယ်။အဲဒီမှာအေအေကတိုက်တော့နှစ်ဖက်အပြန်အလှန်ပစ်ကြတယ်။ကပ်သပြေမရောက်ခင်ကွင်းပြင်မှာဖြစ်ကြတာ” ဟုပြောသည်။

ကျောက်ဖြူမြို့နယ်၊သစ်ပုတ်တောင်အခြေစိုက်ဓညဝတီရေတပ်ဌာနချုပ်မှအင်အား၅၀ခန့်ပါစစ်ကောင်စီ စစ်ကြောင်းတစ်ခုသည်ဇွန်လ၃ရက်ညနေပိုင်းကရေတပ်ဌာနချုပ်အနီးတွင်တည်ရှိသည့်  ကျေးရွာများဖက်သို့  လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်ကာစစ်ကြောင်းထိုးဝင်ရောက်လာသဖြင့်  ပြားတဲနှင့်ကပ်သပြေကြားတွင်အာရက္ခတပ်တော်နှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု၎င်းသတင်းရင်းမြစ်ကပြောသည်။

“စစ်တပ်ကလက်နက်ငယ်တွေနဲ့ပစ်ပြီးတက်လာတယ်။ပီးရင်သူတို့ကအဲဒီရွာတွေမှာဟိုနေရာတစုဒီနေရာတစုနေရာယူတယ်။စစ်တပ်ကရွာပြင်မှာ ကင်းပုန်းဝပ်တယ်။ရေတပ်ဌာနချုပ်ကနောက်ထပ်လာတဲ့စစ်ကူစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီးတော့လက်နက်ငယ်တွေပစ်တယ်။ AAကပြန်တိုက်တော့တိုက်ပွဲဖြစ်တယ်။"

အာရက္ခတပ်တော်မှထိုးစစ်နှင့်လက်နက်ပစ်ခတ်မှုရပ်နားထားသော်လည်းစစ်ကောင်စီသည်လက်နက်ကြီးများဖြင့်တောက်လျှောက်ပစ်ခတ်နေပြီး၎င်းပစ်ခတ်မှုများကိုဓညဝတီရေတပ်ဌာနချုပ်၊အမှတ် (၃၂) တပ်နှင့် မြစ်ပြင်တွင်ရပ်ထားသည့်စစ်ရေယာဉ်များမှပြုလုပ်နေသည်ဟုသိရသည်။

“ ဂုံးချွိန်တိုက်နယ်မလကျွန်းဧရိယာတွင်ရှိတဲ့တရုတ်စီမံကိန်းတွေရှိရာ (OGT)စက်ရုံဖက်ကိုအေအေက  ထိုးစစ်တက်လာမှာကိုစိုးရိမ်ပူပန်ပြီးလက်နက်ကြီးတွေနဲ့  နေ့စဉ်ပစ်ခတ်နေတာ။အပစ်ရပ်ပေမယ့်မြေပြင်မှာကမရပ်ဘူး” ဟုပြောသည်။

ယမန်နေ့ဇွန်လ၃ရက်နေ့နံနက်ပိုင်းကလည်းကျောက်ဖြူမြို့နယ်ရှိ  ဓညဝတီရေတပ်ဌာနချုပ်နှင့်အမှတ် (၃၂)ရဲတပ်ရင်းများမှ  လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်သံများကိုကြားခဲ့ရသည်ဟုဒေသခံများ၏ပြောပြချက်အရသိရသည်။

မေလနောက်ဆုံးပတ်အတွင်းက  အာရက္ခတပ်တော်(AA)၏ ထိုးစစ်မှာအမှတ်(၃၂)ရဲတိုက်ခိုက်ရေး တပ်ရင်းနှင့်အနီးဆုံး နေရာအထိရောက်ရှိခဲ့သည်ဟုသိရသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.