Preview

ရခိုင်တွင်စိုက်ပျိုးရာသီ လယ်ယာထွန်ယက်မှုများစတင်(ဓာတ်ပုံသတင်း)

ကြိုင်ဟိန်းလင်း | ဇွန် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :433
ရခိုင် သတင်း

ကြိုင်ဟိန်းလင်းနိရဉ္စရာ၊ ဇွန် ၅ / ၂၀၂၅

စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့် ရခိုင်ပြည်တွင်  ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွက် တောင်သူလယ်သမားများက လယ်ထွန်ယက်မှုကိုစတင်ပြုလုပ်နေကြပြီဖြစ်သည်။

ဓာတ်မြေဩဇာအပါအဝင် သွင်းအားစုစရိတ်ကြီးမြင့်မှုကြောင့်လယ်သမားများအနေဖြင့် အခက်တွေ့နေသည့်ကြားက လယ်ယာစိုက်ပျိုးရေးကို စတင်လိုက်ခြင်းဖြစ်ကြောင်း  မြောက်ဦးမြို့နယ်က လယ်သမားတစ်ဦးက ပြောသည်။

" လယ်တစ်ဧကကို အပြီးအစီးထွန်မယ်ဆိုရင် နှစ်သိန်းခွဲပေးရတယ်။ဆီဈေးတွေကလည်းတက်နေတယ်။ မြေဆီဈေးကလည်း ကြီးတယ်။လယ်သမားတွေ နှစ်စဉ် အရှုံးပေါ်ပေမယ့်တစ်ခြား ရွေးချယ်စရာလမ်းမရှိဘူး။ စပါးမစိုက်ရင် တစ်ခြားလုပ်စရာမရှိဘူး "ဟု ပြောသည်။

blob
ရခိုင်က လယ်ယာထွန်ယက်မှုမြင်ကွင်း











ရခိုင်တွင် ဒီဇယ်ဆီတစ်ပေပါလျှင် ဆယ့်ခုနှစ်သိန်းအထိရှိပြီဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ်နှစ်သိန်းကျော်အထိ ရှိနေသည့်အတွက်ရခိုင်လယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းကို အားသွန်ခွန်စိုက်လုပ်ကိုင်ရန်ခက်ခဲနေကြသည်။

“ လယ်သမားအများစုကတော့အမြတ်အစွန်းရရှိရေးအတွက် မိသားစု ဝမ်းစာဖူလုံရေးအတွက် တစ်ပိုင်တစ်နိုင်လောက်ဘဲ စိုက်ပျိုးကြပါလိမ့်မယ်။ လယ်သမားတော်တော်များကဆီဖိုး မတတ်နိုင်တဲ့ အတွက် ထွန်စက်များကို ငှားရမ်းပြီးထွန်တာထက် ကျွဲ၊ နွားတွေနဲ့မိဖရိုးရာ အစဉ်အလာတိုင်း ထွက်ယက်နေကြသူတွေလည်းရှိပါတယ်” လို့ ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်သော်လည်း ဆန်စပါး အရည်အသွေးကို နိမ့်ပါးသည့် အပြင် တင်ပို့ရောင်းချရန် စပါးစျေးကွက်မရှိ၍ လယ်သမားများ စပါးစျေးမရဖြစ်နေကြရသည်ဟု သိရသည်။

blob











ရခိုင်ပြည်တွင် လယ်ဧကပေါင်း ၁၂ သိန်းဝန်းကျင်ရှိရာတွင် နှစ်စဉ် ၁၀ ဧက ဝန်းကျင်ခန့်ကို မိုးစပါးစိုက်ပျိုးခဲ့ကြသည်။

၂၀၁၈ ခုနှစ် ရခိုင်ပြည်တွင် တိုက်ပွဲများ နေရာအနှံ့အပြားတွင်ဖြစ်ပွားလာချိန်မှ စတင်ကာ လယ်လုပ်သည့်ဧက လျော့နည်းလာခဲ့ပြီးယခုနှစ်တွင်လည်း သွင်းအားစုများဈေးကြီးနေသည့်အတွက် လယ်ဧက ၅ သိန်းဝန်းကျင်ခန့်ကိုသာ မိုးစပါးစိုက်ပျိုးနိုင်မည်ဟု ရခိုင်ပြည်တောင်သူလယ်သမားသမဂအတွင်းရေးမှူး ဦးအောင်ကျော်မြက ပြောသည်။

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.