Preview

အမ်း- ပဒါန်းလမ်းပေါ်ရှိMPT တာဝါတိုင်စခန်းကုန်းကို AA အပြီးသတ်သိမ်းပိုက်

သဉ္ဇာနွယ် | ဇွန် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :6087
ရခိုင် သတင်း

နိရဉ္စရာ၊ဇွန်၅/၂၀၂၅

စစ်ကောင်စီကရိုးမပေါ်သို့စစ်ကြောင်းထိုးပြီးတိုက်ခိုက်မှုများလုပ်လာသဖြင့်တစ်ပတ်ခန့်အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက်အာရက္ခတပ်တော်(AA)သည်အမ်းနှင့်ပဒါန်းလမ်းရှိရိုးမပေါ်၌တည်ရှိသည့် MPT တာဝါတိုင်စခန်းကုန်းကို (AA)မှအပြီးသတ်သိမ်းပိုက်လိုက်ပြီဟုသတင်းရရှိသည်။

မြေပြင်သတင်းရင်းမြစ်က" သူတို့စစ်တပ်ကအပစ်ရပ်ထားတယ်လို့ပြောပေမယ့်စစ်ကြောင်းထိုးတယ်။လာတိုက်တာတွေရှိတယ်။တစ်ပတ်လောက်MPT တာဝါတိုင်စခန်းကုန်းအနီးမှာနှစ်ဖက်တိုက်ပွဲဖြစ်ကြတယ်။အဲဒီတော့အေအေကကာကင်းစခန်းတွေကိုအရင်သိမ်းပြီးနောက်ပိုင်းစခန်းကုန်းတစ်ခုလုံးကိုသိမ်းလိုက်တာ။အများအပြားသေကုန်ပြီးအဲ့ဒီကုန်းကကျန်နေတဲ့စစ်သားတချို့တောင်ထိပ်မှာရှိတဲ့နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်ကိုတက်ပြေးသွားတယ် " ဟု  နိရဉ္စရာကိုပြောသည်။

နတ်ရေကန်တောင်ကြောရှိMPT တာဝါတိုင်စခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှအကျအဆုံးများပြီးအထိနာကာအာရက္ခတပ်တော်(AA)မှလက်နက်ခဲယမ်းနှင့်စစ်သုံ့ပန့်တချို့လည်းဖမ်းဆီးရမိထားကြောင်း၎င်းကဆက်လက်ပြောဆိုသည်။

" အသေအပျောက်တော်တော်များတယ်။ဖမ်းမိတာတွေလည်းရှိတယ်။လက်ရှိတော့ဘယ်ရာထူး၊ဘယ်သူဆိုတာတော့မသိရသေးဘူး။အနည်းဆုံး၁၀လောက်တော့ကြားတယ်။လက်နက်ခဲယမ်းတွေလည်းရထားတယ်" ဟုပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားအများအပြားထွက်ပြေးမှုများလည်းရှိနေပြီးအများစုမှာစစ်မှုထမ်းသင်တန်းဆင်းများဟုသိရသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိနတ်ရေကန်တောင်ကြောပေါ်တွင်တည်ဆောက်ထားသည့်စစ်ကောင်စီ၏MPT တာဝါတိုင်စခန်းကုန်းအနီးတွင်မေလ၂၇ရက်နေ့မှစ၍  အာရက္ခတပ်တော်  (AA)နှင့်စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပြင်းထန်ပြီး (၂)ရက်အကြာမေလ (၂၉)ရက်နေ့တွင်MPT တာဝါတိုကုန်းဘေးပတ်ဝန်းကျင်ရှိကာကင်စခန်းအားလုံးကိုမေလ  အာရက္ခတပ်တော်(AA)မှသိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင်MPTတာဝါတိုင်စခန်းကုန်းတစ်ခုလုံးအားဇွန်လ၃ရက်နေ့က (AA)မှအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမြေပြင်စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ဇွန်လ၃ရက်နေ့နံနက်ပိုင်းကလည်း AAထိန်းချုပ်ထားသည့်နယ်မြေများအားစစ်ကြောင်းထိုးလာသည့်တပ်မ(၉၉)စစ်ကြောင်းနှင့် (AA)တို့တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသည်လက်ရှိတွင် မကွေးကပစ၊ဆုံကုန်းအမြောက်တပ်မှတဆင့်စစ်ကားများဖြင့်ရိုးပေါ်သို့ရာနှင့်ချီသည့်စစ်အင်အားများလက်နက်ခဲယမ်းများကိုထပ်မံဖြည့်တင်းနေကြောင်းဒေသခံများကပြောသည်။

လက်ရှိတွင်နတ်ရေကန်တောင်ကြောတွင်အင်အားအများဆုံးအကြီးဆုံးဗျူဟာစခန်းဖြစ်သည့်လေကြောင်းကာကွယ်ရေးတပ်တစ်ခုသာကျန်ရှိပြီးနောက်ထပ်မကွေး၊ငဖဲအပိုင်ဂုတ်ကြီး၊လင်းတဲ၊စွန်တက်စသည့်နေရာအချို့တွင်စခန်းငယ်တစ်ချို့သာကျန်ရှိတော့ကြောင်းမြေပြင်သတင်းရင်းမြစ်များကပြောသည်။

စစ်ကောင်စီနှင့် AAပါဝင်သည့်ညီနောင်မဟာမိတ်သုံးဖွဲ့တို့  ငလျင်‌နောက်ဆက်တွဲလုပ်ငန်းများကေုာင့်အပစ်ခတ်ရပ်စဲကြောင်းထုတ်ပြန်ထားသော်လည်းစစ်ကောင်စီဖက်မှရပ်တန့်ခြင်းမရှိဘဲတိုက်ပွဲဖော်ဆောင်နေသဖြင့်ပြန်လည်ခုခံသည့်အနေဖြင့်  တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များကပြောသည်။

#စစ်ရေး#အေအေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.