Preview

AASYC ပဉ္စမအကြိမ် ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်း

လူထက်နိုင် | ဇွန် ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :453
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၅/ ၂၀၂၅

၂၀၂၅  ခုနှစ် ဇွန် ၁ ရက်နေ့မှ ၄ ရက်နေ့ထိ ထိုင်း- မြန်မာနယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့သည့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး ( AASYC) ၏ ပဉ္စမအကြိမ် ညီလာခံမှ AASYC ကို နာယကအဖွဲ့ဝင် ၃ ဦး၊ သဘာပတိ အဖွဲ့ဝင် ၃ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၇ ဦးဖြင့် ပြန်လည် ဖွဲ့စည်းလိုက်သည်ဟု​ သတင်းရရှိသည်။

နာယကအဖွဲ့တွင် ဗိုလ်မှူးကြီးမင်းထွန်း(ရခိုင်ပြည်အမျိုးသားကောင်စီ ANC/AA)၊ ဒေါ်ညိုအေး (ရခိုင်အမျိုးသမီးကွန်ရက်- RWN) နှင့် ဦးခင်မောင်ထွန်း ဦးခင်မောင်ထွန်း (ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ - ANPCC)တို့ပါဝင်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်   ကိုမြင့်စိုး ၊ ကိုစောထွန်းနှင့် ကိုနိုင်ထွန်းတို့ ဖြစ်ကြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ  ကိုနေကျော်စိုး (ဥက္ကဋ္ဌ) ၊ မပန်းစုဝေ (အထွေထွေ အတွင်းရေးမှူး)၊ မရွှေခိုင်စံ (အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးဌာနတာဝန်ခံ)၊ ကိုခိုင်ဖြိုးလင်း (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ခံ) ၊  မမြတ်သီရိခိုင် (မဟာမိတ်နှင့် နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံ) ၊ ကိုညီလင်းချေ (သုတေသနနှင့် မှတ်တမ်းဌာန တာဝန်ခံ) နှင့် ကိုအောင်ခန့်မင်း (ပြည်သူ့ရေးရာဌာန တာဝန်ခံ) တို့ဖြစ်ကြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC) ပဉ္စမအကြိမ် ညီလာခံမှ  ဇွန်လ ၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ထဲတွင် မိမိတို့ ရည်မှန်းချက် ပြည့်မြောက်အောင် ဘုံရည်မှန်းချက် တူညီသည့် ပြည်တွင်း-ပြည်ပ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပူးပေါင်းပြီး တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 AASYC ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ  ကိုနေကျော်စိုးက  “ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးနဲ့ပူးပေါင်းပြီးကျွန်တော် တို့တိုက်ပွဲဝင်သွားမှာပါ” ဟု ပြောသည်။  

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ၏ပဉ္စမအကြိမ်ညီလာခံ သက်တမ်းတွင်ရှေ့လုပ်ငန်းစဉ်အနေဖြင့် အမျိုးသားတန်းတူရေးနှင့်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအားအမြဲတမ်းလုပ်ငန်းစဉ်အဖြစ်သတ်မှတ်ပြီး၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊လူ့အခွင့်အရေးပညာပေးနှင့်လူ့အခွင့်အရေးချိုးဖောက်မှုသတင်းအချက်အလက်စုဆောင်းရေးတို့ကိုလတ်တလောဦးစားပေး လုပ်ငန်းစဉ်များအဖြစ်ချမှတ်ခဲ့သည်ဟု သိရသည်။

ပဥ္စမအကြိမ်မြောက်AASYC ညီလာခံကို  ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေ၊ ရက္ခိုင်နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ရက္ခိုင်အရပ်အဖက်အဖွဲ့အစည်းတွေ၊ AASYC မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များလည်းတက်ရောက်ခဲ့ကြပြီးအဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများကိုလည်း ပေးပို့ခဲ့ကြသည်ဟု သိရသည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.