Preview

၉နှစ်အရွယ်ဖားပြိုရွာမှမိန်းခလေးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ဖြတ်ရာတွင်ပါဝင်သည့်သံသယတရားခံ (၈) ဦးအား AA ဖော်ထုတ်ဖမ်းဆီး

နိရဉ္စရာ | ဇွန် ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :2997
ရခိုင် သတင်း

နိရဉ္စရာ၊ဇွန်လ၅ /၂၀၂၅

မင်းပြားမြို့နယ်ဖားပြိုရွာမှအသက် (၉) နှစ်အရွယ်မအိအိဆန်းအားမုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူသံသယတရားခံ (၈) ဦးအားအာရက္ခပြည်သူ့အစိုးရတရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်းသတင်းရရှိသည်။

အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်ပြီးULA/AA ပြောခွင့်ရသူဦးခိုင်သုခမှသူ၏လူမှုကွန်ယက်စာမျက်နှာမှတဆင့်ဇွန်လ၅ရက်နေ့တွင်ရခိုင်ဘာသာစကားဖြင့်သတင်းထုတ်ပြန်လာခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကိုမြန်မာဘာသာဖြင့်ဖော်ပြရလျှင်“ မင်းပြားမြို့မစခန်း၏ (ပ) ၆၀/၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ၃၀၂/၃၇၆၊ဖားပြိုရွာမှမအိအိဆန်းအားမုဒိမ်းကျင့်၍သတ်ဖြတ်ခဲ့သည့်ရာဇဝတ်မှုဖြစ်စဉ်အတွက်ပြစ်မှုကျူးလွန်သူသံသယတရားခံ (၈) ဦးအားတရားဥပဒေစိုးမိုးရေးနှင့်   ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) မှဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီးတရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိပါသည်” ဟုပါရှိသည်။  

၂၀၂၅ခုနှစ် မေလ၆ရက်နေ့တွင်မင်းပြားမြို့နယ်၊ဖားပြိုရွာ၌အသက်၉နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရပြီးသူမ၏အလောင်းအား   ရွာနှင့်မနီးမဝေးရှိသစ်ပင်တစ်ပင်တွင်ကြိုးဆွဲချသည့်ပုံစံဖြင့်ကြိုးဖြင့်ချည်ကာတွဲလောင်းချထားခဲ့သည်။

မိန်းကလေး၏ဦးခေါင်း၊မျက်နှာနှင့်ဝမ်းဗိုက်တို့တွင်လည်းထိုးနှက်ထားသည့်ဒဏ်ရာများကိုတွေ့ရှိခဲ့ရသည်။

၎င်းနောက် ပြစ်မှုကျူးလွန်သူများအား အာရက္ခပြည်သူ့အစိုးရတရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)မှဖော်ထုတ်ခဲ့ရာလက်ရှိတွင်သံသယတရားခံ၈ဦးကိုဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ(၉) နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးမုဒိမ်းကျင့်ကာရက်စက်စွာသတ်ဖြတ်ခံလိုက်ရမှုနှင့်ပတ်သက်ပြီးတရားမျှတမှုရရှိရန်အတွက်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏တရားစီရင်ရေးဌာနကိုရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့ကလည်း၂၀၂၅ခုနှစ်မေလ၁၁ရက်နေ့ကျေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.