Preview

စစ်တွေတွင် ဓာတ်ဆီသိုလှောင်ရာမှ မီးလောင်မှုဖြစ်ပွား၍ ကျန်းမာရေးဝန်ထမ်းအိမ်တစ်ဆောင်နှင့် သုံးဘီးတစ်စီး မီးလောင်ပြာကျ

စောရှင်မေ | ဇွန် ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :2589
ရခိုင် သတင်း

နိရဥ္စရာ၊ ဇွန် ၇/ ၂၀၂၅

စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်မြို့တော်စစ်တွေတွင် ဓာတ်ဆီသိုလှောင်ထားရာ နေရာမှ မီးလောင်မှုဖြစ်ပွား၍ ကျန်းမာရေးဝန်ထမ်းအိမ်တစ်ဆောင်နှင့် သုံးဘီးတစ်စီး မီးလောင်ပြာကျသွားခဲ့သည်ဟုသတင်းရရှိသည်။

ဇွန်လ ၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်ခန့်တွင်  စစ်တွေမြို့၊ကျေးပင်ကြီးရပ်ကွက်၊ ဗောဓိလမ်း ဓာတ်ဆီသိုလှောင်ထားရာမှ ပေါ့ဆမှုကြောင့်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟုမြို့ခံတစ်ဦးကပြောသည်။

" သူတို့မှာ ဓာတ်ဆီအရောင်းအဝယ်လုပ်တယ်။ အဲ့ဒီကနေ ပေါ့ဆပြီးလောင်သွားတာ။ဓာတ်ဆီ နှစ်ပေပါ ပါသွားတယ်။ အရိုးဆရာဝန်အဆောင်အနောက်ကဝန်ထမ်းအိမ်တစ်ဆောင်နဲ့ အိန္ဒိယသုံးဘီး (တုတ်တုတ်ချေ) တစ်စီးမီးထဲပါသွားတယ်။အိမ်ကတော့ အုတ်တိုင်တွေပဲ ကျန်ခဲ့တယ်။ လူတွေတော့ အထိအခိုက်ရှိသံမကြားဘူး " ဟုပြောသည်။

၎င်းဓာတ်ဆီမှာကျန်းမားရေးဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ဝန်ထမ်းမိသားစုက  အရောင်းအဝယ်လုပ်ကိုင်သည့်ဓာတ်ဆီဖြစ်ကြောင်း ၎င်းက ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်အဆောင်သည် အရိုးဆရာဝန်အဆောင်၏အနောက်တွင် နေရာချပေးထားသည့်ဝန်ထမ်းအဆောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောင်သည် RC အမျိုးအစား မြေညီထပ်များဖြစ်ပြီး မီးလောင်နေစဥ်မီးသတ်တပ်ဖွဲ့များနှင့် လာရောက်ငြိမ်းသတ်ခဲ့ကြသည့်အတွက် ညနေ့ ၈ နာရီ ၁၅မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တွေမြို့ရှိ ကျန်းမာရေးအဆောင်မီးလောင်နေသည်ကို တွေ့ရစဥ်။

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.