Preview

AA သိမ်းပိုက်ထားသည့် ရခိုင်ရိုး‌ပေါ်မှMPT တာဝါတိုင်ကုန်းကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိ

သဉ္ဇာနွယ် | ဇွန် ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :4264
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၇/၂၀၂၅

ရခိုင်ပြည်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ အာရက္ခတပ်တော်သိမ်းပိုက်ထားသည့်နေရာအချို့အားစစ်ကောင်စီလေတပ်က ဇွန် ၅ ရက်နေ့က  ဗုံးကြဲတိုက်ခိုက်ရာတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး ပုန်းခိုနေသည့် စစ်သားအချို့ ထိခိုက် ဒဏ်ရာရရှိမှုများရှိကြောင်း သတင်းရရှိသည်။

ပဒါန်းဒေသခံမြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက" နတ်ရေကန်တောင်ကြောက AA သိမ်းထားတဲ့နေရာတွေကို ဂျက်နဲ့လာကြဲတာ။ AAရှိမယ်အထင်နဲ့ပေါ့။အဲ့ဒီမှာ မှားပြီးသူတို့လူကို သူတိုက ထိသွားတာ။ ထိတဲ့စစ်သားတွေကMPT တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတုန်းက ထွက်ပြေးပုန်းရှောင်နေတဲ့အဖွဲ့ ‌လို့ သိရတယ်။  ဟိုကြားဒီကြားပုန်းနေကြသူတွေပေါ့။အုပ်စုလိုက်။ သေဆုံးဒဏ်ရာရတာ အနည်းဆုံး လေးငါးဆယ်လောက်တော့ခန့်မှန်းတယ်" ဟုပြောသည်။

MPTတာဝါတိုင်စခန်းကုန်း တစ်ခုလုံးအား  AA မှ ဇွန်လ ၃ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးအဆိုပါ စခန်းတွင် AA တပ်ဖွဲ့ဝင်များ ရှိနိုင်သည်ဟု ယူဆကာ ဗုံးလာကြဲခြင်း ဖြစ်နိုင်ကြောင်း ၎င်းသုံးသပ် ပြောဆိုသည်။

“AAမှာက သိမ်းပြီးရင် ရန်သူစခန်းထဲမှာ အချိန်အကြာကြီးတပ်စွဲနေလေ့မရှိဘူး။အနီးအနားမှာ ပုန်းခိုနေတဲ့ စစ်သားတွေကို အေအေထင်ပြီး ဗုံးလာကြဲတာ။ အဲဒီမှာ ထိတာ။ ထိခိုက်ဒဏ်ရာရရှိသွာတဲ့သူတွေကိုဆေးရုံတင်ထားရတယ်လို့ သတင်းရရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဗုံးကြဲမှုကြောင့် သေဆုံးသွားကြသောစစ်သားများနှင့် အထိနာဒဏ်ရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကွေးဖက်သို့ ကား(၃)စီးဖြင့် ယူဆောင်သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

" ကျနော်မြင်လိုက်တာက စစ်ကား (၃)စီးလောက်မြင်လိုက်တယ်။ပဒါန်းဆေးရုံကိုပို့တာလား။ မကွေး‌ မြို့ ဆေးရုံကိုပို့တာလားတော့မသိဘူး" ဟုပြောသည်။

ယင်းအပြင် အဆိုပါ နောက်ဆုတ်ထွက်ပြေးနေသည့် MPT တာတိုင်ကုန်း စစ်စခန်းမှ ထွက်ပြေး နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့AA ထံ လက်နက်ချအလင်းဝင်းလာသူများရှိသလို ဖမ်းဆီးရမှုများလည်းရှိနေကြောင်းကြားသိရသည်ဟု ၎င်းက ပြောသည်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်‌ရေးတပ် အနီးက MPTတာဝါတိုင်းစခန်းကုန်းကို (AA)မှသိမ်းပိုက်ပြီးနောက်စစ်ကောင်စီလေတပ်က ဗုံးလာကြဲခြင်းမှအပ ဇွန်လ ၆ ရက်နေ့အထိတိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိကြောင်း မြေပြင်ဒေသခံများက ပြောသည်။ (Photo- Winzaw Ann Nadi) 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.