နိရဉ္စရာ၊ ဇွန် ၈/၂၀၂၅
ရခိုင်ပြည် သံတွဲမြို့ကို ယမန်နေ့ ညအချိန်က စစ်ကောင်စီဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းကြဲတိုက်ခိုက်မှုကိုဇွန် ၇ ရက် ည၁၀ နာရီ မိနစ် ၄၀ အချိန်တွင်ပြုလုပ်ခဲ့ပြီးယခင် စစ်ကောင်စီ၏ စစ်သားစုဆောင်းရေးတပ်ခြံစည်းရိုး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း APM သတင်းအရ သိရသည်။
လက်ရှိ အချိန်ထိ အထိအခိုက် အပျက်အစီးစာရင်းအား မသိရှိရသေးပါ။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီးဆက်သွယ်မေးမြန်းနေဆဲဖြစ်ကာ ထူးခြားမှုဖြစ်စဉ်များရှိပါက ဆက်လက်တင်ပြပေးပါမည်။ (Source and Photo: APM)