Preview

သံတွဲမြို့နယ်က စစ်ဘေးရှောင်တွေ ခိုလှုံနေသည့် စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၄ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၀၈/ ၂၀၂၅ | ကြည့်ရှုသူ :2628
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၈/ ၂၀၂၅

ရခိုင်ပြည်တောင်ဘက်ပိုင်း သံတွဲမြို့နယ်က စစ်ဘေးရှောင်တွေ ခိုလှုံနေကြသည့် ကျောက်ကြီးကျေးရွာ အထကနှင့် ပုဇွန်ပြေရွာမှ စာသင်ကျောင်းဆောင်များကို ယမန်နေ့ ညအချိန်က စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် အတွက် အရပ်သား ၄ ဦးသေပြီး ၁၁ ဦးဒဏ်ရာရရှိသွားကြောင်း သံတွဲမြို့နယ်မှ လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ သံတွဲမှာဘောလုံးကွင်းအနီး၊ယခင်စကစ စစ်သားစုဆောင်းရေးအနီးမှာ မနေ့က ဆယ်နာရီခွဲ(ညဘက်) ဗုံကြဲတာမှာထိခိုက်သေဆုံးမှုမရှိပါ။  တစ်ချိန်တည်းမှာစစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့နေရာတွေဖြစ်ကြတဲ့သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာအထကကျောင်းနဲ့ပုဇွန်ပြေကစာသင်ကျောင်းကိုထပ်မံ ဗုံကြဲပါတယ်။အဲဒီမှာထိခိုက်သေဆုံး ၄ ဦး ဒဏ်ရာရ သူကလက်ရှိဆယ်တစ်ယောက်ပါ” ဟု ပြောသည်။

လက်ရှိတွင် ဖုန်းလိုင်းအခက်အခဲကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ အမည်စာရင်းကို မသိရသေးဟု ဆိုသည်။

စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိကို ယာယီပစ်ခတ်တိုက်မှု ရပ်စဲထားကြောင်း ကျေညာထားပြီး တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ သံတွဲဒေသရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် စာသင်ကျောင်းများကို ဗုံးလာကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒါက သူရဲဘောကြောင်တဲ့ လုပ်ရပ်ပါ။ အရပ်သားတွေ စစ်ရှောင်နေတဲ့ နေရာကို တမင် ဗုံးလာကြဲတိုက်ခိုက်တာကတော့ ဘယ်လိုမှ လက်သင့်ခံလို့မရပါဘူး” လို့ ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

#စစ်ဘေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.