နိရဥ္ဇရာ၊ဇွန် ၁၀/၂၀၂၅
အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရခိုင်နှင့်မကွေနယ်စပ် ငဖဲမြို့နယ်အတွင်းရှိနတ်ရေကန်လေကြောင်း ရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ( ပြည်သူ့စစ် )၃ ဦးအား ချင်းကာကွယ်ရေးတပ် - အရှို CDF တပ်ဖွဲ့မှ လက်နက်များအတူ ဖမ်းဆီးမိခဲ့သည်ဟု သတင်းရရှိသည်။
ထိုသို့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်းမှဇွန်လ ( ၁၀ )ရက်တွင်ချင်းကာကွယ်ရေးတပ် - အရှို CDF မှသတင်းထုတ်ပြန်သည်။
၎င်းတို့သည်နတ်ရေကန်လေကြောင်း ရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ( ပြည်သူ့စစ် )များဖြစ်ကြောင်း၊ ဇွန်လ ( ၄ ) ရက်နေ့တွင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး တပ် စခန်းမှ ရှေ့တန်းကာကင်းတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာသူများဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ် သား ( ပြည်သူ့စစ် - ၃ )ဦးယူဆောင်လာသည့် MA အမျိုးအစား လက်နက်ငယ်( ၃ )လက်နှင့် ခဲယမ်းအချို့ လည်းသိမ်းဆည်းရမိခဲ့ကြောင်းဓာတ်ပုံနှင့် တကွ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသော စစ် ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီးအမြန်ဆုံး အလင်းဝင်ပူးပေါင်းကြရန် လည်းချင်းကာကွယ်ရေးတပ် -အရှိုမှတိုက်တွန်းထားသည်။