Preview

သံတွဲမှ စစ်ရှောင်ပြီးရန်ကုန် မရမ်းကုန်းထွေအုပ်ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ရုံးစာရေး သတ်ဖြတ်ခံရ

ပိုးဝါ | ဇွန် ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :11163
ရခိုင် သတင်း

ပိုးဝါ၊ နိရဥ္စရာ၊ ဇွန် ၁၁/၂၀၂၅

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ဘေးရှောင်ပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အငယ်တန်းစာရေး တစ်ဦးဓားဖြင့်ထိုးသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်မရမ်းကုန်းမြို့နယ်ထွေအုပ်ရုံးမှာ အခင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် အငယ်တန်းစာရေး ကိုအောင်မြင့်မြတ်ဖြစ်ပြီးအသက် ၅၀ ကျော်အရွယ် ရုံးအကူ ဦးကျော်စိုးမင်းက ဓါးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

"သူတို့က ရုံးမှာပဲ အတူနေကြတာ။အဲ့ဒီရုံးအကူဦးလေးက ဗိုလ်မှူးနောက်က လိုက်နေတဲ့လူ။ မနေ့ကလည်း အဲ့ဒီဦးလေးကအသတ်ခံရတဲ့အကိုကို လိုက်ရှာနေတယ်လို့တော့ ​ပြောကြတယ်။ပြသနာတွေတော့ရှိပုံရတယ်။ ဒီမနက်မှာ ရုံးထဲမှာပဲထိုးတာ။ အထိုးခံရတဲ့အကိုက ဇောနဲ့ထိုးတဲ့လူနောက်လိုက်တာနေမယ်။ ရုံးပေါက်ဝနားရောက်တော့ လဲသွားပြီးဆုံးသွားတာ" ဟု အမည်မဖော်လိုသည့် ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိမှာတရားခံဖြစ်သူ ရုံးအကူ ဦးကျော်စိုးမင်း ထွက်ပြေးတိမ်းရှောင် နေသည့်အတွက် ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေသည်ဟု ဆိုသည်။

သေဆုံးသူ ကိုအောင်မြင့်မြတ်သည် ပြီးခဲ့သည့်မတ်လမှာမှ မရမ်းကုန်ရုံးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။  

(ဓာတ်ပုံ-စစ်ကောင်စီ)

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.