Preview

စစ်ကောင်စီထိန်းချုပ်ဆဲ ရခိုင်မြို့သုံးမြို့ရှိ စစ်ကောင်စီဝန်ထမ်းများ၏သားသမီး နှစ်ထောင်ကျော်ကို ပညာသင်စရိတ်ထောက်ပံ့

မောင်စာဂ | ဇွန် ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :1942
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၁၂ /၂ဝ၂၅

စစ်ကောင်စီထိန်းချုပ်ထားဆဲ ရခိုင်မှမြို့သုံးမြို့ရှိ တာဝန်ထမ်းဆောင်နေကြသည့် စစ်ကောင်စီဝန်ထမ်းများ၏ သားသမီး နှစ်ထောင်ကျော်ကို စစ်ကောင်စီက ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ စစ်ကောင်စီဝန်ထမ်းများ၏ သားသမီး ၂၂၆၆ ဦးအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများကို ယမန်နေ့ ဇွန်လ ၁၁ ရက်၊ နံနက်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်စစ်ကောင်စီက အခမ်းအနားဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွင်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာသင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်သည်ဟုလည်း ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းက အခမ်းအနားတွင် ပြောဆိုသွားခဲ့သည်။

မူလတန်းအဆင့်တစ်ဦးလျှင် ကျပ် နှစ်သောင်း၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ကျပ်လေးသောင်း၊ အထက်တန်းအဆင့်တစ်ဦးလျှင် ကျပ်ခြောက်သောင်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၆၉၈ဝဝဝဝဝ ကိုထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ယခုထောက်ပံ့ပေးခဲ့သည့် ကျောင်းသူ၊ ကျောင်းသားနှစ်ထောင်ကျော်ထဲတွင် စစ်တွေမြို့နယ်မှ ၁၃၉ဝ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၄၄၅ ဦးနှင့် မာန်အောင်မြို့နယ်မှ ၄၃၁ ဦးတို့ပါဝင်သည်။

အဆိုပါမြို့သုံးမြို့တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများ၏ ကျောင်းအပ်နှံရေးရက်ကို မေလ ၂၂ ရက်မှ ဇွန် ၁ ရက်အထိသတ်မှတ်ခဲ့ပြီး ဇွန်လ ၂ ရက်တွင် ကျောင်းဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - MOI
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.