Preview

နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၃ ဦးအား လက်နက်များနှင့်အတူ CDF – Asho ဖမ်းမိ

လူထက်နိုင် | ဇွန် ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :921
ရခိုင် သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇွန် ၁၃ /၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂၃ ဦးအား လက်နက်များနှင့်အတူ ချင်းကာကွယ်ရေးတပ် - အရှို(CDF – Asho)က ဖမ်းမိခဲ့ကြောင်း ယနေ့ ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သည်။

CDF – Asho အနေဖြင့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် စခန်း(ဗျူဟာကုန်း)အနီး မီတာ(၁၅၀၀)ပတ်လည် နတ်ရေကန်လမ်းဟောင်းအား ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂၃ ဦးအား ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငါးရက်အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း CDF – Asho က ဆိုသည်။

“ယခုဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများသည် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲခံရ၍ စစ်မှုထမ်းနေရသူများဖြစ်သည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

blob

သူတို့နှင့်အတူ MA - 1 ငါးလက်၊ MA - 3 သုံးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

ဇွန်လ ၄ ရက်ကလည်း နတ်ရေကန်လေကြောင်း ရန်ကာကွယ်ရေးဗျူဟာတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား (ပြည်သူ့စစ်)သုံးဦးကို CDF-Asho က ဖမ်းမိခဲ့သေးသည်။

သူတို့သုံးဦးနှင့်အတူ MA အမျိုးအစား လက်နက်ငယ်သုံးလက်နှင့် ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြပါရန်လည်း CDF – Asho က တိုက်တွန်းထားသည်။

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် စခန်း(ဗျူဟာကုန်း)ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် နတ်ရေကန်တောင်ကြောရှိ MPT တာဝါတိုင်စခန်းနှင့်အတူ နောက်ထပ်နေရာအချို့ကို AA က သိမ်းပိုက်ထားပြီဖြစ်သည်။

ဓာတ်ပုံ - CDF – Asho

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.