နိရဉ္စရာ၊ ဇွန် ၁၄/ ၂၀၂၅
လူသတ်မှုဖြင့်ဖမ်းဆီးထားသည့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဂန်းကျားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်သုံးဦးအား အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် မိသားများက တောင်းဆိုလိုက်သည်။
၎င်းတို့သုံးဦးမှာ ဂန်းကျားကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်သန်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့ဖြစ်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ မေလက ဂန်းကျားကျေးရွာမှ ကိုသိန်းထွန်းလှိုင် (၃၀) နှစ်သေဆုံးမှုတွင် ပါဝင်သည်ဟုဆိုကာ လူသတ်မှုပုဒ်မဖြစ်သော ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၂) ဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုး
သေဆုံးသွားသူကိုသိန်းထွန်းလှိုင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် သောက်စားမူးယစ်ပြီး သူ၏နေအိမ်၌ ဇနီးနှင့် စကားများ ရန်ဖြစ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
ယင်းနောက် ကိုသိန်းထွန်းလှိုင်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ထိပ်တုံး(ခြောက်ပေါက်)ခတ်ထားချိ
"မိန်းမနဲ့စကားများနေတာကို တရားခံအဖြစ်ပါဝင်နေတဲ့ ဦးသန်းထွန်းအောင်ကအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို သွားတိုင်ပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေ
ကိုသိန်းထွန်းလှိုင်သည် ကြိုးဆွဲချသေဆုံးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်များကပြောဆိုပြီး မိသားစုဝင်များ တွေ့ခွင့်ရချိန်တွင် သေဆုံးသွားသူကိုသိန်းထွန်းလှိုင်၏ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ထားသည့် ဒဏ်ရာများကိုတွေ့ရှိရသည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဂန်းကျားကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်သန်း၊ ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေ သုံးဦးတို့ကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားစီရင်ရေးဌာန (DLEPS)အဖွဲ့က ၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံထားရသူ သုံးဦးမှာ လက်ရှိအချိန်ထိ အချုပ်ထဲမှတဆင့် တရားရင်ဆိုင်နေရသော်လည်း တစ်နှစ်ကျော်ခန့်ကြာသည့်တိုင် တရားရုံးက အမိန့်ချမှတ်နိုင်ခြင်း မရှိသေးဟု သိရသည်။
ထိုကဲ့သို့ အမိန့်မချနိုင်ခြင်းမှာ အမှုရင်ဆိုင်ရန်နှစ်ဖက်ရှေ့နေများ၊ သက်သေများ ရုံးချိန်း အချိန်မှန် သွားရောက်ရန်အဆင်မပြေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ခရီးစရိတ်ကြီးမားမှုများကြောင့်
"သက်သေတွေကအချိန်မှန်မရောက်ကြဘူး။ သက်သေတွေမရောက်တဲ့အကြောင်းက လမ်းခရီးတွေကအဆင်မပြေဘူး။ နှစ်ဖက်ရှေ့နေတွေ ရုံးချိန်းပျက်ကွက်တာနဲ့လည်း ဆိုင်တယ်။ သက်သေတွေကလည်း လမ်းခရီးစရိတ်မတတ်နိုင်ဘူး။ ဆင်းရဲကြတယ်။ နောက်ပြီးတော့ခြေကျင်လျှောက်လာမယ်ဆိုရင်လည်း အဆင်မပြေဘူး" ဟု ပြောသည်။
ယခုအမှုနှင့်ပတ်သက်၍ တရားမျှတမှုနှင့်အမြန်ဆုံး အပြစ်ပေးရန်လိုလားသည်ဟု သေဆုံးသွားသူ၏အစ်ကိုဖြစ်သူ ဦးသန်းထွန်းလှိုင်က တောင်းဆိုသည်။
"ကျနော်တို့ဒီအမှုကို နိုင်ရင်လည်း ကျနော့်ညီက ပြန်ရှင်လာမှာ မဟုတ်တော့ဘူး။ ကျနော့်မှာ ညီတစ်ယောက်ဆုံးသွားပြီ။ ဒါကြောင့် ကျနော်တို့မိသားစုတွေက ထိရောက်တဲ့ တရားမျှတမှုရရှိဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်။ အပြစ်ရှိတဲ့သူတွေဟာ အပြစ်ခံရဖို့ဆိုတာကို လိုလားပါတယ်။ ထိရောက်တဲ့တရားစီရင်ရေးတွေကို အမြန်လုပ်ဆောင်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်" ဟုပြောသည်။
သေဆုံးသွားသည့် ကိုသိန်းထွန်းလှိုင်သည် မင်းပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာမှဖြစ်ပြီး ဂန်းကျားရွာတွင် အိမ်ထောင်ကျနေသူတစ်ဦးဖြစ်သည်။
အာရက္ခတပ်တော်(AA)သည် ပေါက်တောမြို့နယ်တစ်ခုလုံးကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ယင်းနောက် ပေါက်တောမြို့နယ်တွင်းရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို AA က ဆောင်ရွက်နေသည်ဟု သိရသည်။
ဓာတ်ပုံ - သေဆုံးသွားသူ ကိုသိန်းထွန်းလှိုင်အား တွေ့ရစဉ်။ (ပေးပို့)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်