နိရဉ္စရာ၊ ဇွန် ၁၅/ ၂၀၂၅
ရခိုင်ပြည်သို့ ဓာတ်မြေသြဇာနှင့်အချိုရည်များတင်ပို့သူ ၆ ဦးကိုစက်လှေတစ်စီးနှင့်အတူဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
၎င်းတို့ ၆ ဦးအား တာကာငွေ (၈) သိန်း တန်ဖိုးရှိ ယူရီးယားဓာတ်မြေဩဇာ ၂၉၁ အိတ်အပါအဝင် 'Royal Tiger' အချိုရည်ပုလင်း ၉၀၇၂ ပုလင်းနှင့်အတူ ဖမ်းမိသည်ဟု ဘင်္ဂလာ ကမ်းရိုးတန်းစောင့်တပ်သတင်းမီဒီယာအရာရှိ ဒုတပ်မှူး Harun-or-Rashid က စနေနေ့ (ဇွန် ၁၄ ရက်) နံနက်ပိုင်းကသတင်းထောက်များသို့ ပြောကြားခဲ့သည်။
လျို့ဝှက်သတင်းပေးချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့ဟာကော့ဘဇားရှိ Nazirartek နှင့်ကပ်လျက် ပင်လယ်ပြင်၌သောကြာနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် အထူးစစ်ဆင်ရေးပြုလုပ်ခဲ့ရာကနေ မသင်္ကာဖွယ်ရာ အင်ဂျင်ပါဝါတပ်သစ်သားစက်လှေတစ်စင်းကနေဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။
၎င်းပစ္စည်းများကို ကော့စ်ဘဇား (ဖလောင်းချိတ်)ကနေ ပင်လယ်ပြင်ကို ဖြတ်သန်းကာ ရခိုင်ပြည်ကို မှောင်ခိုတင်ပို့ခဲ့သည်ဟု ဆိုသည်။
သိမ်းဆည်းရမိ ဓာတ်မြေသြဇာနှင့် အားဖြည့်အချိုရည်များကို ကော့ဘဇား အကောက်ခွန်သို့ လွှဲပြောင်းပေးပြီး မှောင်ခိုသမားများနှင့် လှေများဖြင့် ကော့စ်ဘဇားရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟုသိရသည်။