နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၅
ရခိုင်ပြည်တွင်းတွင် အခက်အခဲကျရောက်နေကြသည့် စစ်ဘေးရှောင်ရခိုင်ပြည်သူများအား ရခိုင်ပြည်ပရှိ ရခိုင်လူမှုအဖွဲ့အစည်းများမှ အဓိက ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည် ပြင်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်လူမျိုးများသည် သူတို့ ရရှိသည့် ချွေးနည်းစာဖြင့် စုဆောင်းရရှိထားသော ငွေကြေးများကို ရခိုင်အသင်းအဖွဲ့အစည်းများသို့ လှူဒါန်းပြီး အဆိုပါ အဖွဲ့အစည်းများမှတစ်ဆင့် ရခိုင်စစ်ဘေးရှောင်များကို ကူညီပံ့ပိုးနေကြသည်ဟု သိရသည်။
ယခုလ ၈ ရက်နေ့ကလည်း တရုတ်နိုင်ငံရောက် ရက္ခိုင်သူ/သားတို့ စုပေါင်းပြီးကျောက်ဖြူ စစ်ဘေးရှောင်ပြည်သူများအတွက် သိန်း (၅၀၀) ကျော် စုပေါင်း ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့သည်ဟု သိရသည်။
“ ကျောက်ဖြူမှာ မိုးတွင်းကာလ စစ်ဘေးရှောင်တွေအတွက် ခြင်ထောင်တွေဝယ်ယူဖို့ ငွေကျပ် ၅၀၅၉၀၀၀၀ ကိုတရုတ်နိုင်ငံရောက် ရခိုင်လူမျိုးတွေက စုပေါင်းပြီး လှူဒါန်းခဲ့ပါတယ်။ အဲဒီငွေနဲ့စစ်ဘေးရှောင်တွေကို ခြင်ထောင်အလုံးရေ ၂၅၀၀ ထက်မနည်းလှူဒါန်းနိုင်ခဲ့တယ်လို့သိရပါတယ်”ဟု ကျောက်ဖြူမြို့နယ် စစ်ဘေးများ အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီတာဝန်ခံ ကိုအောင်အောင် ကAPM ကို ပြောကြားခဲ့သည်။
အလားတူအိမ်ထောင်စု ၁၇၅စု ခိုလုံနေသည့်ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ၁စုကို ၅သောင်းနှုန်းဖြင့်ငွေကျပ်၈၇သိန်း ၅သောင်းကိုကူညီထောက်ပံ့ပေးခဲ့သည်ဟု ရခိုင် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသူ ဦးဝေဟင်အောင်က သူ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
အဆိုပါ အလှူငွေ ၈၇ သိန်းကျော်တွက် "ရက္ခိတပန်းစုံ ပရဟိတအသင်း(မလေးရှား)" က သိန်း ၈၀ပါဝင်လှူဒါန်းထားသည်ဟုသိရသည်။
ဇွန်လ၁၆ ရက်နေ့ကလည်း စစ်တွေမြို့နယ်က စစ်ဘေးရှောင်လာရေ မိသားစု ၁၄၁စုအတွက် အလှူငွေ ၇၁သိန်း လွဲအပ်လှူဒါန်းခဲ့သည်ဟုသိရသည်။ ၎င်းအလှူငွေကို ပြည်တွင်း ပြည်ပက ခုနစ်ရက် သားသမီးတိ စုပေါင်းပြီးဦးဝေဟင်အောင်ထံမှ တဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဇွန်လ၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် မိသားစု ၁စုကိုငွေကျပ် ၅သောင်းနှုန်းနန့် အလှူငွေ သိန်း ၁၅၁ကို လားရောက် လှူဒါန်းခဲ့သည်ဟုသိရသည်။
၎င်းအလှူငွေသိန်း ၁၅၁မှာ မလေးရှားအခြေစိုက်ထိုင်း၊ စင်္ကာပူအပါအဝင် “စည်းလုံးမှုအင်အား ရခိုင်လူငယ်များ အသင်း” က သိန်း ၉၀ ၊ရခိုင်လူမှုကူညီရေးအသင်း အင်ဒီးယားနား(အမေရိကန်)က အလှူငွေ ၄၁သိန်းပါဝင်သည်ဟု ဦးဝေဟင်အောင် ရေးသားဖော်ပြသည်။
ဇွန်လ၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်းစခန်းတွင်ခိုလှုံနေကြသည့် အိမ်ထောင်စု ၂၆၄စု အတွက် အလှူငွေ - ၁၃၂သိန်းကို လှူဒါန်းခဲ့သည်ဟုသိရသည်။
ဇွန်လ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင်ခိုလှုံနေကြသည့် အိမ်ထောင်စု ၂၅၅စု အတွက်၁စုကို ၅သောင်းနှုန်းနန့် အလှူငွေ ၁၂၇သိန်း ၅သောင်းအပြင် သက်ကြီးရွယ်အိုအချို့ကိုလည်းလှူဒါန်းခဲ့သည်။
ဇွန်လ၁ ရက်နေ့လည်း ကျောက်တော်မြို့နယ် တစ်နေရာတွက် ခိုလုံနေသည့် စစ်ဘေးရှာင် မိသားစု ၃၄၆စု နှင့် ထပ်တိုး ၃၀ စုတို့အတွက် အိမ်ထောင်စု ၁စုကို ၅သောင်းနှုန်းနန့် စုစုပေါင်း သိန်း ၁၉၀ကို
ဦးဝေဟင်အောင်မှသွားရောက်လှူဒါန်းခဲ့ပြီး ၎င်း အလှူငွေမှာ မလေးရှားအခြေစိုက် ထိုင်း၊ စင်္ကာပူအပါအဝင် စည်းလုံးမှုအင်အား ရခိုင်လူငယ်များ ပရဟိအသင်းက လှူထားရေ အလှူငွေ သိန်း ၂၈၀ ကနေ ထုတ်နုတ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။