နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၅
စစ်ကောင်စီသည် ကျောက်ဖြူမြို့၏ လုံခြုံရေးအပေါ် စိုးရိမ်လာရာမှ စရဖရုံး၊ ရဲစခန်းအပါအဝင် ကျောက်ဖြူအခြေစိုက်တပ်ရင်းများမှအရေးကြီးသည့် စစ်ဖက်ရေးရာစာရွက်စာတမ်းများအား ဓညဝတီရေတပ်ဌာနချုပ်သို့ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။
ကျောက်ဖြူမြို့ရှိ စစ်ဖက်ရေးရာလုံခြုံရေး၊ ရဲတပ်ဖွဲ့
"အဓိက စစ်တပ်တပ်ရင်းထဲက အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေပေါ့။ နေဗီနဲ့ပို့တာ ငလပွေ့ဆိပ်ကမ်းကနေဓည၀တီရေတပ် ဌာနချုပ်ကို " ဟုပြောသည်။
ယခုကဲ့သို့ ဓညဝတီရေတပ်ဌာနချုပ်သို့ ပို့ဆောင်ရခြင်းမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်အမှတ်(၃၂)ရဲတပ်ရင်းသာကျသွားပါက နောက်ထပ်အခြေစိုက်ခမရ(၅၄၃)၊ (၅၄၂)နှင့် မြို့အနီးရှိ
"တိုက်ပွဲကလည်း ပြင်းလာတယ်။ သူတိုက်ကိုယ်တိုက် ပေါ့။ ၃၂ ရဲတပ်ရင်းသာကျသွားရင် နောက်ထပ်တပ်ရင်းတွေက သိပ်မတိုက်ရတော့ဘူး။ ဒါကြောင့် အရေးကြီးစာရွက်စာတမ်းတွေ AA ဆီရောက်သွားမှာစိုးလို့ ရေတပ်ဌာနချုပ်ကိုပြောင်းထားတာ။
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂) ရဲတပ်ရင်းအနီးက ပြိုင်းစေ့ကေအနီးအနားဝန်းကျင်၊ မလကျွန်းဧရိယာဝန်းကျင်နှင့် သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်အနီးက ကပ်သပြေဝန်းကျင်တွင် တိုက်ပွဲအရှိန်အဟုန်ပြင်းလျက်ရှိ
ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီမိသားစုဝင်တချို့ကို