Preview

မယ်စကြာဝဠာမြန်မာတွင် ရခိုင်အလှမယ်ခိုင်ဆွေဇင်သင်း 2nd Runner Up ဆုကို ဆွတ်ခူးရရှိ

နှင်းနွယ်နီ | ဇွန် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :704
ရခိုင် သတင်း

နိရဥ္စရာ၊ ဇွန် ၂၇/၂၀၂၅

ရန်ကုန်မြို့ Myanmar Expo (Fortune Plaza)တွင် ယနေ့ကျင်းပခဲ့သော မယ်စကြာဝဠာမြန်မာ (Miss Universe Myanmar 2025)  ပြိုင်ပွဲတွင် ရခိုင်အလှမယ်ခိုင်ဆွေဇင်သင်းက 2nd Runner Up ဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

အလှမယ်ခိုင်ဆွေဇင်သင်းသည် Miss Universe Sittwe ကိုယ်စားပြုကာ မယ်စကြာဝဠာမြန်မာ (Miss Universe Myanmar 2025) ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သူမ 2nd Runner Up ဆုရရှိခြင်းနှင့်ပတ်သက်ပြီး သူ့ပရိသတ်တစ်ဦးက “ ရခိုင်ကနေ ဒီလိုဆုရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ နှစ်တိုင်းပြိုင်တဲ့သူတိုင်းကို အားပေးပါတယ်။ ဒီနှစ်တော့ Top 3 ဝင်ခဲ့တော့ အားပေးရကျေနပ်ပါတယ်” ဟုပြောသည်။

Miss Universe Myanmar 2025 ဆုကို ပြင်ဦးလွင်ကိုယ်စားပြုအလှမယ် မြတ်ရတနာစိုး၊ 1st Runner Up ဆုကို ဟားခါးကိုယ်စားပြုအလှမယ် Na Na က ရရှိခဲ့ပြီး  2nd Runner Up ဆုကို စစ်တွေကိုယ်စားပြု အလှမယ် ခိုင်ဆွေဇင်သင်းက ရရှိခဲ့သည်။

blob
ခိုင်ဆွေဇင်သင်း

3rd  Runner Up ဆုကို မိတ္ထိလာကိုယ်စားပြုအလှမယ် ဇူလှိုင်ဝင့်ထည်၊ 4th  Runner Up ဆုကို မိုးကုတ်ကိုယ်စားပြုအလှမယ် မျိုးကိုကိုစန်းနှင့် 5th  Second Runner Up ဆုကိုမြစ်ကြီးနားကိုယ်စားပြုအလှမယ် Mary Ja Doi Awng တို့က ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကကျင်းပခဲ့သော Miss Universe Myanmar 2024 ပြိုင်ပွဲတွင်ရခိုင်အလှမယ် အေးချမ်းမြင့်မိုရ်သည် Top 20 အထိတက်လှမ်းနိုင်ခဲ့ပြီး Miss Universe Myanmar 2023 ပြိုင်ပွဲတွင်မူ ရခိုင်အလှမယ် စောမြတ်အိခိုင်သည် Top 10 အထိဝင်ရောက်နိုင်ခဲ့ကာ Miss Popular Choice ဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။

ယနေ့ရခိုင်အလှမယ်ခိုင်ဆွေဇင်သင်းရရှိခဲ့သည့် Miss  Universe Myanmar 2nd Runner Up ဆုကို ပြီးခဲ့သည့် ၁၀နှစ်၂၀၁၅ ခုနှစ်က ရခိုင်အလှမယ် ချိုချိုထွန်းလည်း ရရှိခဲ့ဖူးသည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.