Preview

ထိုင်းတွင် ကားတိုက်ခံရပြီး မြန်မာနိုင်ငံသားတစ်ဦးသေ တစ်ဦးခြေထောက်ပြတ်

ပိုးဝါ | ဇွန် ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :786
ရခိုင် သတင်း

(ခြေထောက်ဖြတ်လိုက်ရသည့်ရခိုင်ရွှေ့ပြောင်းလုပ်သားမှာဆေးကုသရန်ခက်ခဲနေ)

ပိုးဝါ၊ နိရဥ္စရာ၊ ဇွန် ၂၉/၂၀၂၅ 

ထိုင်းနိုင်ငံ၊ ရယောင်မြို့ (Rayong)တွင် ဇွန်လ ၁၉ ရက်နေ့ ဖြစ်ပွားခဲ့သည့် ကားတိုက်မှု တစ်ခုတွင် ဗမာလူမျိုးတစ်ဦးသေဆုံးပြီး ရခိုင်ရွှေ့ပြောင်းလုပ်သားတစ်ဦးမှာခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသည်ဟုသိရသည်။  

ကားတိုက်ခံပြီးခြေထောက်တဖြတ်လိုက်ရသူမှာ မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်ကိုစိုးနိုင်ဝင်း (၂၉ နှစ်) ဖြစ်ပြီးလက်ရှိအချိန်တွင် ကားတိုက်သွားသည့် ထိုင်းလူမျိုးမှ တစ်စုံတစ်ရာ တာဝန်ယူမှုမရှိသဖြင့် ဆေးကုသရန် ခက်ခဲနေသည်ဟု သိရသည်။

ကိုစိုးနိုင်ဝင်းက“အဆောင်နားလမ်းထိပ်ကဆိုင်ကို ဆိုင်ကယ်နဲ့ သွားကြတာ။ လမ်းဘေးကဘဲသွားတာ။ကျနော်နဲ့ အတူသွားတဲ့ ဗမာလူမျိုးက ပွဲချင်းပြီး သေတယ်။ ကျနော်က ခြေထောက်ဖြတ်လိုက်ရတယ်။   တိုက်တဲ့ကားသမားက ဒဏ်ရာဒဏ်ချက်မရဘူး။ အမှုသွားဖွင့်တော့ ရဲနဲ့ ဘယ်လိုညှိထားတယ်မသိဖမ်းလည်းမဖမ်းသလို ကျနော်တို့ကိုလည်း ဘာလျော်ကြေးမှမပေးဘူး။လိုအပ်လို့ခေါ်လိုက်ရင်တော့လာတယ်။ ဆေးဖိုးရှင်းပေးဖို့ ပြောရင်လည်းပိုက်ဆံမရှိဘူးပဲ ငြင်းတယ်။ အခုက အလှူငွေတွေကောက်ပြီးဆေးရုံစရိတ်ပေးနေရတာပါ။ နောက်ထပ် ဘတ် ၁၀,၀၀၀ ကျော်လောက်ပေးရအုံးမယ်”ဟုပြောသည်။

blob
ကိုစိုးနိုင်ဝင်း
ကိုစိုးနိုင်ဝင်းနှင့် ဇနီးဖြစ်သူတို့သည် ရခိုင်တွင်မြို့သိမ်းတိုက်ပွဲများကြောင့်နေထိုင်ရပ်တည်ရေးခက်ခဲလာ၍ ထိုင်းနိုင်ငံ၊ ရယောင်Rayong မြို့သို့ပြောင်းရွှေ့ကာပန်းရန်အလုပ် လုပ်ကိုင်နေသည်မှာ (၂)နှစ်ခန့်ရှိပြီဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်မှာ ၄င်းတို့နေထိုင်ရာ အဆောင်အနီး ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုအတွင်းကိုစိုးနိုင်ဝင်းမှာ ညာဖက်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသလို ၄င်းနှင့်အတူလိုက်ပါလာသည့် ရွှေ့ပြောင်း ဗမာလူမျိုးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

လက်ရှိမှာယာဉ်တိုက်မှုကြောင့် အလုပ်မလုပ်နိုင်တော့သလို နေထိုင်စားသောက်ရေး နှင့်ဆေးကုသရေးအတွက် ငွေကြေးအခက်အခဲဖြစ်နေသည်ဟု ကိုစိုးနိုင်ဝင်းက ဆက်ပြောသည်။ 

“နေ့လယ်ဖက်တွေမှာနည်းနည်းသက်သာခွင့်ရသေးတယ်။ ညဆိုရင် တစ်နာရီလောက်ကနေ မနက်အထိမအိပ်နိုင်တစ်ညလုံး ကိုက်တယ်။ နာတယ်။ ကျနော်က ပန်းရံလုပ်တာပါ။အခုမလုပ်နိုင်တော့ဘူး။ အမျိုးသမီးလည်း ကျနော်ကိုပြုစုဖို့နားနေရတယ်။ လူတွေလှူတာလေးနဲ့ ကုနေရ၊ စားနေရတာပါ” ဟု ပြောသည်။ 

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် ဘာသာစကားအခက်အခဲ နှင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်အခက်အခဲများကြောင့် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ်အဆက်ကြုံတွေ့နေကြရသည်ဟု ချင်းမိုင်က အလုပ်သမားအရေး တစ်နိုင်တစ်ပိုင်ကူညီပေးနေသူတစ်ဦးက ပြောသည်။ 

(ဓာတ်ပုံ- ပေးပို့)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.