Preview

အမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း ပျက်စီးသွားသည့် အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံများ (ဓာတ်ပုံသတင်း)

မောင်စာဂ | ဇူလိုင် ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :750
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇူလိုင် ၂/၂ဝ၂၅

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့သိမ်းတိုက်ပွဲကာလတွင်း ပျက်စီးသွားခဲ့ရသည့် အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံများအား ယခု ၂ဝ၂၅ ခုနှစ်၊ ဇွန်လနောက်ဆုံးပတ်က တွေ့ရခြင်းဖြစ်သည်။

အမ်းမြို့ကို အာရက္ခတပ်တော်(AA)သည် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သုံးလခန့်အကြာ ဒီဇင်ဘာလ ၂ဝ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုပါ AA က အရှင်ဖမ်းမိနိုင်ခဲ့သည်။

အမ်းမြို့နယ်တစ်ခုလုံးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အပါအဝင် တပ်ရင်း၊ တပ်စခန်း(၁၃)ခုထက်မနည်းရှိခဲ့သည်ဟု သိရသည်။

blob

လက်ရှိတွင် အမ်းမြို့ရှိ စစ်ကောင်စီအရာရှိကြီးများနှင့်စစ်သားများပိုင်ဆိုင်ခဲ့သည့်နေအိမ်များနှင့် မြေနေရာအချို့ကို AA က ချိပ်ပိတ်ထားသည်ဟုလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အမ်းမြို့နှင့် မြို့နယ်တွင်းရှိ နေရာများတွင်လည်း ပေါက်ကွဲနိုင်သည့် မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ရှိနေနိုင်သေးသည့်အတွက် စစ်ဘေးရှောင်များ ဝင်ရောက်နေထိုင်ခွင့်ကို AA က တားမြစ်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.