Preview

AA သိမ်းထားသည့် MPT တာဝါတိုင်ကုန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်

သဉ္ဇာနွယ် | ဇူလိုင် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :5937
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၅

စစ်ကောင်စီက ငလျင်အပစ်ရပ်သက်တမ်းကုန်ဆုံးပြီးနောက် ရခိုင်ပြည်၊ အမ်းရိုးပေါ်တွင်ရှိသည့် အာရက္ခတပ်တော်(AA)သိမ်းထားသည့် MPT တာဝါတိုင်ကုန်းကို ပြန်လည်ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။

အမ်း-ပဒါန်းလမ်းပေါ် ရိုးပေါ်တွင်တည်ရှိသည့် နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာစခန်းအနီးက AA သိမ်းပိုက်ထိန်းချုပ်ထားသည့် MPT တာဝါတိုင်စခန်းကုန်းကို ဇူလိုင်လအစပိုင်းမှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အမ်းဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"MPT စခန်းကုန်းကို သူတို့ပြန်လိုချင်ပုံရတယ်။ စစ်ကြောင်းတွေထိုးပြီး ပြန်တက်လို့ AA ဖက်က ပြန်ပစ်ချတယ်။ နှစ်ဖက်အပြန်အလှန်ပစ်တယ်။ တိုက်ပွဲတော့ မပြင်းဘူး" ဟု ပြောသည်။

MPT တာဝါတိုင်စခန်းကုန်းကို နတ်ရေကန်လေကြောင်းကာကွယ်ရေးဗျူဟာစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယခင်က စစ်ကြောင်းထိုး၍ နတ်ရေကန်တောင်အောက်အနီးဝန်းကျင်တွင် လှုပ်ရှားနေသည့်ပြည်သူ့စစ်နှင့် ထုတ်နှုတ်အင်အားများက ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး MPT တာဝါတိုင်ကုန်းသို့ မတက်နိုင်ဘဲ နောက်ဆုတ်ထွက်ပြေးနေရသည်ဟု မြေပြင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"စစ်ကြောင်းထိုးပြီး AA သိမ်းတဲ့နေရာတွေကို တိုက်တယ်။ ဒရုန်းနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ ဒါပေမယ့် ဒီနေ့အထိသိရသလောက် သူတို့ ထိုးဖောက်နိုင်တဲ့အနေအထားမရှိဘူး"ဟု ပြောသည်။

အမ်းအပိုင်တွင်ရှိသည့် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း အနီးအနားက MPT တာဝါတိုင်စခန်းကုန်းကို AA က ဇွန်လ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြောင်း မြေပြင်သတင်းအရ သိရသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ ရိုးပေါ်တွင် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းဗျူဟာစခန်းကြီး ကျန်ရှိနေသေးပြီး ယင်းဗျူဟာကုန်းတွင် စစ်အင်အားများတိုးချဲ့ချထားကာ လက်နက်ကြီးများဖြင့် AA ရှိနိုင်သည့်နေရာများကိုမှန်းဆကာ ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ရိုးပေါ်ဒေသခံချင်းလူမျိုးများအဓိကအားထားရသည့် ပဒါန်းမြို့အဝင်ကို ရိုးပေါ်တွင် ရှိသည့် စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ်ထားသည့် စားနပ်ရိက္ခာနှင့်ဆေးဝါးများပြတ်လပ်နေကြောင်း ဒေသခံများက ပြောသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.