Preview

မောင်တောတွင်ဖောက်ထွင်းမှုတစ်ခုနှင့်လုယက်မှုတစ်ခုဖြစ်ပွားပြီး ကျပ်ငွေသိန်း (၅၀) ကျော်ခန့် ဆုံးရှုံး

နောင်မင်းသူ | ဇူလိုင် ၀၆/ ၂၀၂၅ | ကြည့်ရှုသူ :1170
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် / ၂၀၂၅

 

ရခိုင်ပြည် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်တောင်ပိုင်း"ချရားတန်း " (ယခင်ခရေမြိုင်)ကျေးရွအဝင်၀ရှိ ဆိုင်ကယ်ပြုပြင်ရေးဆိုင်ဇူလိုင် ၂ ရက် ညအချိန်က ဖောက်ထွင်းခံရပြီး  ကျပ်သိန်း ၃၀ ကျော်ဖိုးပစ္စည်းများ ခိုးယူခံခဲ့ပြီး အဆိုပါန့တွင်ပင်နွားကုန်သည်တစ်ဦးထံမှလည်း ငွေကျပ်သိန်း၂၀ ကျောအလုခံခဲ့ရကြောင်း သတင်းရရှိသည်။

 

ဆိုင်ကယ်ပြုပြင်ရေးဆိုင်ပိုင်ရှင်ကိုသန်းစိုးက "ခိုးတဲ့သူတွေကျွန်‌တော်တို့ သိနေတယ်။ အာရက္ခတပ်တော် ထောက်လှမ်းရေးအဖွဲကိုလည်း ခေါ်ယူပြသပြီးသံယဖြစ်သူတွေရဲ့ နာမည်‌ တွေနဲ့ပါတိုင်ချက်ဖွင့်ထားတယ်။ ရွာမှာလည်းထောက်လှမ်းရေးတွေရှိတယ်။ သူတို့ဖက်ကအခုထိဖော်ထုတ်ဖမ်းဆီးမပေနိုင်‌သေးကြပါဘူးဟု နိရဉ္စရာကို ပြောသည်။  

 

လက်ရှိတွင် ခိုးယူသူများဟု သံသယဖြစ်သူများအား တိုင်ကြားထားကြောင်း၊ အမြန်ဆုံး ဖော်ထုတ် အရေးယူပေးစေလိုကြောင်း ၎င်းက ပြောသည်။

 

ကျွန်တော်တို့လည်းချမ်းသာလိုလုပ်စားနေကြတာမဟုတ်ပါ။ အခုအချိန်မှာလူတိုင်း အလုပ်လုပ်မှစားဝတ်နေရေးနည်းနည်းပါးပါး ူလုံကြတာပါ။ဆိုင်ကယ်ပစ္စည်တွေကိုလည်းအကြွေးနဲ့ဝယ်ထားကြရတာ။သုံးဘီးကားက ဘတ္တရီအိုးတွေလည်းခိုးသွားကြတယ်။အားလုံးကိုကျွန်တော်ကအလျှော်ပေးရတောမယ်။ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးစေလိုပါတယ်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

ချရားတန်းဝင်ဝ၌တည်ရှိသည့် အဆိုပါဆိုင်ကယ်ပြုပြင်ရေးဆိုင်ကို  ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက် ည ၈ နာရီခန့်ကဖောက်ထွင်းပြီး  ဆိုင်ကယ်အပိုပစ္စည်းများ၊သုံးဘီးများမှဘတ္တရီအိုးများ၊ဆိုင်ကယ် ပြင်သည့် ကရိယာ တန်ဆာပလာများအားလုံးကို ယူဆောင်သွားသည်ဟု ဆိုသည်။  

 

အလားတူ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီခန့်ကလည်းနွားကုန်သည်တစ်ဦးဖြစ်သည့် ကံသာယာအလယ်ရွာတွင်နေထိုင်သူ  ဦးမောင်လှ(၃၆)နှစ်ထံမှငွေကျပ်သိန်း (၂၀) ကျော်ကို လူ ၄ ဦးမှ ညအချိန်တွင် လုယူသွားခဲ့သည်ဟု သိရသည်။

 

"ကျွန်တော်ဆိုင် ဖောက်ထွင်းအခိုးခံခဲ့ရတဲ့ညမှာဘကံသာယာအလယ်ရွာကနွားကုန်သည် ကိုမောင်လှ အိမ်ပြန်လာတဲ့အချိန်မှာချရားတန်းရွာဝင်ဝမှာငွေတွေအလုခံလိုက်ရတယ်။ လူ ၄ ဦးက သူဆိုင်ကယ်ကိုတားပြီး အရက်သောက်ဖို့ ငွေ ၅ သောင်းတောင်းတယ်။ သူကဘာအတွက်ပေးရမလဲပေးနိုင်ဘူးလို့ပြောတော သူလွယ်ထားတဲ့အိတ်ကိုအတင်းလုယူသွားတယ်။ငွေသိန်း ၂၀ ကျော်ပါသွားတယ်လိုသိရပါတယ်"ဟုပြေသည်။

 

မောင်တောမြို့နယ်ရှိကျေးရွာများတွင် ယခုလိုဒုစရိုက်မှုများတိုးလာသဖြင့်စိုးရိမ်စရာဖြစ်နေသလို လက်ရှိ ကျူးလွန်သူများအား ဖမ်းဆီးအရေးယူမူမပြုလုပ်‌‌နိုင်ပါက အခြေအနေမှာအနာဂတ်ကာလ၌ ပိုမိုဆိုးရွားလာနိုင်ပြီး လူသတ်မှုထိ ကျူးလွန်လာနိုင်သည်ဟု ဒေသခံများကပြောဆိုသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.