နိရဥ္ဇရာ၊ ဇူလိုင် ၇ /၂၀၂၅
(၆၃)နှစ်မြောက် (၇)ဇူလိုင်ကျောင်းသားအရေးတော်ပုံအောက်မေ့ဖွယ်အခမ်းအနားကိုယနေ့ဇူလိုင် ၇ရက်တွင်လွတ်မြောက်နယ်မြေတစ်နေရာ၌အောင်မြင်ပြီးမြောက်အောင်ကျင်းပနိုင်ခဲ့ကြောင်းရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကမှတ်တမ်းတင်ပုံရိပ်များနှင့်တကွထုတ်ပြန်သည်။
ဖိနှိပ်ခံပြည်သူလူထုလွတ်မြောက်ရေးနှင့်ကျောင်းသားအကျိုးဆောင်ရွက်ရာ၌ညီနောင်သမဂ္ဂများ အားလုံးအတူလက်တွဲလျက်ဆုံးခန်းမတိုင်သေးသောတိုက်ပွဲများကိုဆက်လက်ချီတက်တိုက်ပွဲဝင်မည်ဟုသန္နိဌာန်ပြုကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။
(၇.၀၇.၁၉၆၂)နေ့တွင်ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ၌ကျောင်းသားထုအခွင့်အရေးကိုအေးချမ်းစွာတောင်းဆိုနေသောကျောင်းသား/သူများကိုစစ်အာဏာရှင်အစိုးရ၏ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်မှုကြောင့်အသက်ပေးတိုက်ပွဲဝင်ခဲ့သည့်ကျောင်းသားခေါင်းဆောင်အာဇာနည်တို့အားရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှအလေးနီပြုကြောင်းထုတ်ပြန်ထားသည်။
နှစ်စဉ် (၇)ဇူလိုင်ရက်နိရောက်တိုင်းကျောင်းသားလူငယ်များသည်ကျဆုံးခဲ့သည့်ကျောင်းသားလူငယ်များကိုဂါရဝပြု၊ပန်းခွေချ၊ချီတက်ပွဲများကျင်းပခဲ့ပြီးသတိရလျက်ခေတ်အဆက်ဆက်လက်ဆင့်ကမ်းကျင်းပခဲ့ကြောင်းသိရသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် ၁၉၆၂ခုနှစ်၊ ဇူလိုင်လတွင် စစ်အာဏာရှင်အစိုးရမှကျောင်းသား/သူများအားမတရားရက်စက်စွာပစ်ခတ်သတ်ဖြတ်မှုကိုပြင်းပြင်းထန်ထန်ရှုံ့ချအပ်ကြောင်းထုတ်ပြန်ထားသည်။
သို့ဖြစ်ပါ၍ ကျောင်းသားထုအခွင့်အရေးကို အေးချမ်းစွာတောင်းဆိုနေသော ကျောင်းသား/သူများရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရသော (၇)ဇူလိုင်အရေးတော်ပုံသည်ကျောင်းသား/သူများအတွက်မမေ့အပ်သောသမိုင်းတစ်ခုဖြစ်ကြောင်းရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကထုတ်ပြန်ထားသည်။
ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံသည် လူသိများပြီး တင်းကျပ်သည့် ကျောင်းဝင်းစည်းကမ်းများ၊ တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် အဆုံးသတ်ခြင်းနှင့်ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသစ်၏ မူဝါဒများကို ဆန့်ကျင်သည့် ချီတက်ပွဲများ၊သရုပ်ပြပွဲများနှင့် ဆန္ဒပြပွဲများဖြစ်သည်။
အဓိကဖြစ်ရပ်များသည် ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အစိုးရသည်ရန်ကုန်တက္ကသိုလ်၌ ကျောင်းသား ၅,၀၀၀ ခန့် တက်ရောက်သည့် ကျောင်းသားဆန္ဒပြပွဲကိုအကြမ်းဖက်နှိမ်နင်းခဲ့သည်။ ဤဖြစ်ရပ်ကြောင့် တရားမဝင်သတင်းရင်းမြစ်များအရကျောင်းသား တစ်ရာကျော် သေဆုံးပြီး ၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ သို့သော်အစိုးရ၏တရားဝင်ထုတ်ပြန်ချက်များတွင် သေဆုံးသူဦးရေကို ၁၅ ဦးဟု ဖော်ပြခဲ့သည်။
နောက်တစ်နေ့နံနက်အစောပိုင်းတွင် စစ်အစိုးရသည် ၁၉၂၀ ပြည့်နှစ်များကတည်းကကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေးဝါဒ၏ သင်္ကေတဖြစ်ခဲ့သော သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (RUSU) အဆောက်အအုံကို မိုင်းဖြင့်ဖျက်ဆီးပစ်ခဲ့သည်။