Preview

အာရက္ခတပ်တော်၏ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP) ကို ထောက်ခံပြီး ရခိုင်မျိုးနွယ်စုဝင်ရာနှင့်ချီပြီး စစ်မှုထမ်းသင်တန်းတက်ရန် လာရောက်နေကြ

သဉ္ဇာနွယ် | ဇူလိုင် ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :1086
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၉/၂၀၂၅

အာရက္ခတပ်တော်(AA)မှပြဋ္ဌာန်းလိုက်သည့် အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP) ကို ထောက်ခံပြီး ရခိုင်မျိုးနွယ်စုဝင် ရာနှင့်ချီ  မိမိစိတ်သဘောဖြင့်  အာရက္ခတပ်တော် (AA)ထံ စစ်မှုထမ်းသင်တန်းတက်ရန်လာရောက်နေကြသည်ဟု​သတင်းရရှိသည်။

ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် ခမီ၊မြို၊သက္ကမ(ခ)ဒိုင်းနက်၊သက် စသည့် ရခိုင်မျိုးနွယ်စုဝင်များသည် ဝေလံခေါင်ဖျားသည့်နေရာများမှမိမိစိတ်သဘောဆန္ဒဖြင့် အာရက္ခတပ်တော်(AA)ထံ စစ်မှုထမ်းသင်တန်းတက်ရန်တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာရောက်လာကြသည်ဟု (ULA/AA)နှင့်နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" အာရက္ခလွတ်မြောက်နယ်မြေထဲက ရခိုင်မျိုးနွယ်စုဝင်တွေ တက်တက်ကြွကြွနဲ့သူ့တို့သဘောဆန္ဒအတိုင်း စစ်သင်တန်းတက်ဖို့ ရောက်လာကြတယ်။ အခုလိုမျိုးနွယ်စုဝင်တွေလည်း ကိုယ့်မြေကိုယ်ကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့ လာရောက်ကြတော့ ကြိုဆိုတယ်။ ခေတ်အဆက်ဆက်ကတည်းက ရခိုင်နဲ့မျိုးနွယ်စုဝင်တွေက  အနှိမ်ခံဘဝနဲ့နေလာကြရတာ" ဟု ပြောသည်။

မိမိနေထိုင်သည့်နေရာကိုကာကွယ်ရန်နှင့် (AA)ကိုထောက်ခံ၍ တက်ရောက်လာခြင်းဖြစ်သည်ဟု  မြိုလူမျိုး  သက်ကြီးပိုင်းအရွယ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" မျိုးနွယ်စုဝင်တွေက နယ်စပ်တွေ၊တောင်ပေါ်တွေမှာနေတော့လူမျိုးရေးပဋိပက္ခတွေဖြစ်ရင်လည်း ပိုခံရတယ်။ အဓိကမွတ်ဆလင်တွေနဲ့ဖြစ်တဲ့ပဋိပက္ခနဲ့စစ်တပ်အုပ်ချုပ်ခဲ့စဉ်က ခံခဲ့ရတယ်။ ဒါကြောင့် ကိုယ့်နေထိုင်တဲ့နေရာကိုယ့်လူမျိုးကိုကာကွယ်ဖို့ စိတ်အားထက်သန်တယ်။ အရေးပေါ်အခခြေအနေဆိုရင်ကာကွယ်ဖို့ စစ်အတတ်ပညာတခုခုတက်ထားဖို့လိုအပ်လို့ သင်တန်းတက်ကြတာ" ဟု ပြောသည်။

ယခု (AA)ထံ စစ်သင်တန်းတက်ဖို့ လာရောက်ကြသူများမှာ ဘူးသီးတောင်၊မောင်တော၊ရသေ့တောင်၊ပလက်ဝ၊မင်းပြား၊မြောက်ဦး၊ကျောက်တော်၊ပုဏ္ဏားကျွန်းစသည့် မြို့နယ်များတွင်နေထိုင်သည့်ရခိုင်မျိုးနွယ်စုဝင်များဖြစ်ကြောင်းသိရသည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ထောက်ခံပြီး မောင်တော၊ တောင်ကုတ်၊မြောက်ဦး၊ ပလက်ဝ၊ မြေပုံအပါအဝင် နောက်ထပ်မြို့နယ်များမှရာထောင်ချီသည့်လူငယ်များ စစ်သင်တန်းတက်ရောက်နေကြသည်ဟုမြေပြင်သတင်းအရ သိရသည်။


blob
blob
ကြိုဆိုနေကြသည့် မြင်ကွင်း

အာရက္ခတပ်တော် (AA) သည် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကို ပြီးခဲ့သည့်မေလအတွင်းက အချက်(၄)ချက်ဖြင့် ထုတ်ပြန်ခဲ့သည်။၎င်းအချက်များမှာ

(၁)အာရက္ခပြည်သူလူလူထုတစ်ရပ်လုံးပါဝင်ခြင်းဖြင့်အမျိုးသားကာကွယ်ရေးတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်နိုင်ရန်


(၂)တစ်မျိုးသားလုံး တက်ကြွစွာပါဝင်ခြင်းဖြင့် အာရက္ခတိုင်းပြည်၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိန်းကာကွယ်နိုင်ရန်  

(၃)အာရက္ခတိုင်းပြည်၏ ပြည်တွင်းပြည်ပ အန္တရာယ်အရပ်ရပ်ကိုကာကွယ်တားဆီးခြင်းအားဖြင့် အာရက္ခဒေသနေ လူမျိုး၊ ဘာသာတိုင်းစည်းလုံးချစ်ခင်စွာပါဝင်သော အမျိုးသားကာကွယ်ရေးစနစ်တစ်ခုကိုထူထောင်နိုင်ရန်နှင့်

(၄) အာရက္ခတိုင်းပြည်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိန်းသိမ်းမြှင့်တင်ရာတွင် နိုင်ငံသားတိုင်း တူညီသော တာဝန်နှင့်အခွင့်အရေးများကို ခံစားခွင့်ရရှိစေရန်တို့ဖြစ်သည်။



blob
စစ်မှုသင်တန်းတက်ရောက်ကြည်မည့်သူများအား ကြိုဆိုနှုတ်ခွန်းဆက်သကြစဉ်။


#စစ်ရေး#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.