Preview

ရခိုင်ပြည်အနှံ့ မိုးရေကြီးပြီး မြို့နယ်အချို့မှာရေနစ်မြုပ်မှုဖြစ်ပေါ်နေ (မင်းပြားမြို့နယ်မှာ ရွာပေါင်း ၁၄ ရွာ အထိရေနစ်မြုပ်)

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :1276
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၉/ ၂၀၂၅

ရခိုင်ပြည်အနှံ့တွင် မိုးကြီးနေပြီး မြို့နယ်အချို့၏ မြေနိမ့်ဒေသများနှင့် မြစ်ချောင်းအနီးရှိ ကျေးရွာများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ရေမြုပ်ရာတွင် ကျောက်တော်မြို့နယ်မှ သရက်တစ်ပင်၊ ညောင်ချောင်းကျေးရွာ အနီးဝန်းကျင်နှင့် မင်းပြားမြို့နယ်တွင် အနည်းဆုံးကျေးရွာ (၁၄) ရွာတွင် ရေနစ်မြုပ်နေသည်ဟု သိရသည်။

မင်းပြားမြို့နယ်က မင်းဖူး၊ ကုလားမတောင်၊ အသေကာလ၊ ဝါးတောင်၊ မြင်းကဆိပ်၊ ချင်းဆိပ်၊ တောတန်း၊ ဒုံးသား၊ ဒုံကြီး၊ တံခွန်တိုင်၊ မြင်းတင်မ၊ လက်ခုတ်၊ ပုလဲတောင်၊ ကပ္ပဲရွာနှင့်တခြားရွာအချို့တို့တွင်လည်းရေနစ်မြုပ်နေကြောင်းAPMတွင် သတင်းဖော်ပြထားသည်။

ရခိုင်တွင်ဇူလိုင်လပထမပတ်မှစပြီး မိုးအဆက်မပြတ်ရွာသွန်းနေပြီးလေးမြို့မြစ်ထဲကိုစီးဝင်သည့်  ပန်းမြောင်းကြီးချောင်းရေမြင့်တက်လာသဖြင့် အဆိုပါချောင်း တလျှောက် ရွာပေါင်း ၁၄ ရွာသည် ဇူလိုင် ၈ ရက်နေ့နံနက်ကစပြီး ရေမြုပ်နေကြောင်း မင်းဖူးရွားသားတယောက်က ကိုးကားပြီး သတင်းတွင်ဖော်ပြထားသည်။

blob
ရေကြီးနေမှုမြင်ကွင်း

လက်ရှိမင်းဖူးရွာထဲတွင်ရေအမြင့် ၅ ပေခန့်၊ အသေကာလရွာထဲတွက် ၄ ပေခွဲကနေ ၅ ပေကျော်လောက်အထိမြင့်တက်တေပြီးတခြားရွာများတွင်လည်း ၅ ပေကမေ ၆ ပေလောက်အထိ မြင့်တက်နေကြောင်းသိရသည်။

ယခုကဲ့သို့ မိုးကြီးနေသဖြင့် ရခိုင်ပြည်မှ မြစ်ကြီး ၂ ခုဖြစ်သည့် ကုလားတန်နှင့် လေးမြို့မြစ်ရေများ မြင့်တက်လာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

ပုံစာ - ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့  မိုးကြီးပြီးရေနစ်မြုပ်နေသည့်မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်းတလျှောက်ရှိကျေးရွာများကိုတွေ့ရစဉ် (Awng Naing Lin/APM )

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.