Preview

သံတွဲရှိ စစ်ရှောင် ၂ဝဝ ကျော်အတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ စားနပ်ရိက္ခာများ ထောက်ပံ့

လူထက်နိုင် | ဇူလိုင် ၁၀/ ၂၀၂၅ | ကြည့်ရှုသူ :453
ရခိုင် သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁ဝ /၂၀၂၅

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှ စစ်ဘေးရှောင် ၂ဝဝ ကျော်အတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သံတွဲဒေသခံ ပရဟိတသမားတစ်ဦးက နိရဉ္ဇရာသို့ ပြောသည်။

သံတွဲဒေသခံ ပရဟိတသမားတစ်ဦးက “ကျွန်တော်တို့သံတွဲမှာက အခုလိုမိုးရာသီ စားသောက်ရေးတော်တော်ခက်ခဲပါတယ်။ စစ်တပ်က ပိတ်ဆို့ထားတော့ ကူညီမယ့်သူတွေ ဝင်ဖို့မလွယ်ပါဘူး။ အခုလည်း အခြေအနေကြည့်ပြီး ပုံစံမျိုးစုံနဲ့ကူညီကြရတာပါ။ အခြေခံသားသောက်ကုန်တွေက လိုအပ်ချက်ရှိပါသေးတယ်”ဟု ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ သံတွဲမြို့နယ်ကော်မတီက အဆိုပါစစ်‌ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်လူဦးရေ ၂ဝဝ ကျော်အတွက် အခြေခံစားနပ်ရိက္ခာနှင့် ဆန်အတ် ၃ဝ ကျော်ကို ယခု ဇူလိုင်လ ပထမအပတ်အတွင်း လှူဒါန်းခဲ့ကြောင်းလည်း ရက္ခိုင်ပြည်ကျောင်း သားသမဂ္ဂက ထုတ်ပြန်ထားသည်။

သံတွဲမြို့ရှိ စစ်ရှောင်စခန်းများတွင် ကျန်းမာရေးမကောင်း၍ ဖျားနာနေသူများရှိကြောင်းလည်း သိရသည်။

လက်ရှိ မိုးရာသီကာလဖြစ်ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများသည် စားဝတ်နေရေးအတွက် ရှာဖွေရခက်ခဲနေပြီး ရာသီအကူးအပြောင်းကြောင့် ရာသီပေါ်တုတ်ကွေးဖြစ်ပွားနေခြင်းများကို ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဒေသခံများက ဆိုသည်။

အာရက္ခတပ်တော်(AA)သည် သံတွဲမြို့နယ်တစ်ခုလုံးကို ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေရသလို မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ရှိနေနိုင်သေးသည့်အတွက် စစ်ဘေးရှောင်များအား ဝင်ရောက်နေထိုင်ခွင့် မပေးသေးဟု သိရသည်။

ဓာတ်ပုံ-ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.