Preview

နတ်ရေကန်ဗျူဟာကုန်းက အရပ်သားကျေးရွာကို ဒရုန်းဖြင့်ဗုံးကြဲ၍ အသက် ၈ဝ ကျော် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရ

မောင်စာဂ | ဇူလိုင် ၁၉/ ၂၀၂၅ | ကြည့်ရှုသူ :693
ရခိုင် သတင်း

မောင်စာဂ၊ နိရဉ္စရာ၊ ဇူလိုင် ၁၉/၂ဝ၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း(ဗျူဟာကုန်း)က ငဖဲမြို့နယ်ရှိ အရပ်သားပြည်သူများနေထိုင်ရာ နောင်ကျေးရွာပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက် ၈ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၈ ရက်၊ နံနက် ၁၁ နာရီခွဲတွင် နတ်ရေကန်ဗျူဟာကုန်းအောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ နောင်ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်(CDF – Asho)က ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နေ့လယ်တွင် ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ အသက် (၈၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦး အလတ်စားဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

blob
နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်သော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် အပြစ်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်ကာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချသည်ဟုလည်း CDF – Asho က ဆိုသည်။

နတ်ရေကန်ဗျူဟာကုန်းစခန်းသည် ရခိုင်ပြည်၊ အမ်းနှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင်ရှိပြီး စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းကြီးတစ်ခုဖြစ်သည်။

အဆိုပါစခန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

နတ်ရေကန်တောင်ကြောရှိ ကာကင်းစခန်းအချို့နှင့် MPT တာဝါတိုင်ကုန်းကိုလည်း AA က သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်း မကျစေရန်အတွက် စစ်ကောင်စီဘက်က ပဒါန်းရှိ ဆုံကုန်းအမြောက်တပ်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄)တို့အပြင် ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများဖြင့် တော်လှန်ရေးတပ်ဖွဲ့များရှိနိုင်သည့်နေရာများနှင့် အရပ်သားပြည်သူများ၏ ရပ်ရွာများကို ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - နတ်ရေကန်ဗျူဟာကုန်းစခန်းက ဒရုန်းဖြင့်ပစ်ခတ်၍ နောင်ကျေးရွာအတွင်း ပျက်စီးသွားမှုမြင်ကွင်း။ (Photo – CDF – Asho)
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.