Preview

မင်းပြားမြို့နယ်တွင် လူသတ်မှုဖြစ်

ကြိုင်ဟိန်းလင်း | ဇူလိုင် ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :3721
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၅

‎ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်‌နေ့က ရွာသားအချင်းချင်းကြားဓားခုတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

‎သေဆုံးသွားရသည့် အမျိုးသားမှာ မင်းပြားမြို့နယ်၊င/ပုကွ​ကျေးရွာမှကိုကျော်စိုးထွန်း (၃၉) နှစ်ဖြစ်သည်။

‎၎င်းသည် ဇူလိုင် ၁၈ ရက်နေ့ နေ့လယ်အချိန် နေအိမ်၌ အိပ်နေစဉ် တစ်ရွာတည်းနေ ကိုမဲလုံးက ဓားဖြင့် ‌ဝင်ရောက်ခုတ်သတ်ခဲ့ခြင်းကြောင့် အခင်းဖြစ်သည့် နေရာတွင်ပင် သေဆုံးသွားခဲ့ရသည်။

‎သူတို့နှစ်ဦးမှာ ယခင်ကပင် ခိုက်ရန်ဖြစ်ပွားခဲ့မှုများရှိခဲ့သည်ဟုဆိုသည်။

‎ထိုကဲ့သို့ပြစ်မှုကျူးလွန်ခဲ့သည့် ကိုမဲလုံးအား အာရက္ခပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန (DLEPS) မှ ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-အာရက္ခမီဒီယာ

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.