Preview

၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ရခိုင်ပြည်မှ ဖြေဆိုသူ ၁၅၆၄ ဦးတွင် ၅၅၀ အောင်မြင်

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :5086
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၇/၂၀၂၅

ယနေ့ဇူလိုင် ၂၇ ရက်နေ့ နံနက်က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန် ကြေညာရာ ရခိုင်ပြည်မှ ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ဦး ၁၅၆၄ ဦးတွင် ၅၅၀ အောင်မြင်သည်။

ဖြေဆိုသူ ၁၅၆၄ ဦးတွင် အောင်မြင်သူ ၅၅၀ ရှိ၍ အောင်မြင်မှု ရာခိုင်နှုန်းမှာ (၃၅.၁၇%) ရှိသည်ဟု မြန်မာစာစစ်ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် ၃ မြို့နယ်တွင်သာ ကျင်းပနိုင်ခဲ့သည်။

ရခိုင်တစ်ပြည်လုံးတွင် ယခုနှစ် ၅ ဘာသာ၊ ၆ဘာသာ ဂုဏ်ထူးထွက်သူမရှိဘဲ ကျောက်ဖြူမြို့က ကျောင်းသူ ၂ ဦးသာ ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။

၎င်း ကျောင်းသူ ၂ ဦးမှာ ကျောက်ဖြူ အထက(၁) စာစစ်ဌာနမှ ဖြေဆိုသည့် မဆောင်းသင်္ဂီ ( မြန်မာစာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ ဇီ၀ဗေဒ) နှင့် မမော်မော်ဇင် (မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ) တို့ဖြစ်ကြသည်။  

ကျောက်ဖြူ အထက (၁) စာစစ်ဌာနမှ ၃ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ကြသူများမှာ မောင်မောင်မြင့် (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ)၊ မောင်စိုးလင်းနိုင် (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ)၊ မောင်သားထူးမြတ် ((ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ) တို့ဖြစ်ကြသည်။ ကျောက်ဖြူတွင် ၂ ဘာသာ ဂုဏ်ထူးရှင် ၁ ဦးနှင့်  ၁ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးသာရှိသည်။

စစ်တွေမြို့ စာစစ်ဌာနတွင် ၄ ဘာသာ ဂုဏ်ထူးထွက်သူ တစ်ဦးသာရှိပြီး ၎င်းမှာ အထက (၂) စာစစ်ဌာနမှ မောင်စိုးမင်းအောင် (သင်္ချာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ ဇီ၀ဗေဒ)ဖြစ်သည်။

စစ်တွေ စာစစ်ဌာနမှ ၃ဘာသာ ဂုဏ်ထူးထွက်သူ ၄  ဦးသာရှိပြီး ၎င်းတို့မှာ အထက (၄) စာစစ်ဌာနမှ မောင်ကောင်းပြည့်ကျော် (ဓာတုဗေဒ၊ ရူပ ဗေဒ၊ ဇီ၀ဗေဒ) ၊ မခင်မိုးဌေး (မြန်မာစာ၊  ဓာတုဗေဒ၊ ရူပ ဗေဒ)နှင့် အထက (၂) စာစစ်ဌာနမှ  မခင်မြတ်မြတ်စံမှာ (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေ)နှင့်  စစ်တွေ (သက်ကယ်ပြင်) ကုန်းစာစစ်ဌာနမှ မောင်မောင်ထွန်း (ဓာတုဗေဒ၊ ရူပ ဗေဒ၊ ဇီ၀ဗေဒ) တို့ဖြစ်ကြသည်။  စစ်တွေမြို့နယ် တစ်ခုလုံးတွင် ၂ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ၁ဘာသာ ဂုဏ်ထူးရှင် ၄၂ ဦးသာရှိသည်။

မာန်အောင်မြို့နယ် စာစစ်ဌာနမှ  ၃ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသူ ၂ ဦးရှိပြီး ၎င်းတို့မှာ အထက မာန်အောင်စာစစ်ဌာနမှ ဖြေဆိုကြသည့် မအင်ကြင်ဖူး (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ)နှင့် မအေးမြတ်သူ (မြန်မာစာ၊ ဓာတုဗေဒ၊ ရူပဗေဒ) တို့ ဖြစ်ကြသည်။ မာန်အောင်မြို့နယ်စာစစ်ဌာနမှ အောင်မြင်သူများအထဲတွင် ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၃ ဦးသာရှိသည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.