Preview

ရခိုင်တစ်ဦး ထိုင်းငါးဖမ်းလှေပေါ်မှ ပင်လယ်ထဲပြုတ်ကျ ပျောက်ဆုံးနေ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၈/ ၂၀၂၅ | ကြည့်ရှုသူ :4121
ရခိုင် သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၈/ ၂၀၂၅

ထိုင်းနိုင်ငံ၊ ဖတ်ပူရီခရိုင်၊ ချအန်တွင် လာရောက် အလုပ် လုပ်ကိုင်နေသူ ရခိုင် ရွှေ့ပြောင်း ရေလုပ်သားတစ်ဦးသည် ယခုလ ၂၃ ရက်နေ့က ပင်လယ်ပြင်တွင်  ငါးဖမ်းလှေပေါ်မှ ခြေချော်ပြုတ်ကျကာ ပျောက်ဆုံးနေသည်ဟု သိရသည်။

၎င်းလူငယ်မှာ မင်းပြားမြို့နယ်၊ ငစရိုင်းချောင်းကျွန်း၊ ထောင့်ချေ ကျေးရွာမှ ကိုမောင်လှမြင့် (၄၂)နှစ် ဖြစ်ကြောင်း သိရသည်။

သူ၏သူငယ်ချင်းဖြစ်သူက “ ဒီလ ၂၃ ရက်နေ့ ညအချိန် ၁၂ နာရီကျော်မှာ ငါးဖမ်းလှေပေါ်က ပြုတ်ကျတာပါ။ အခုအချိန်ထိ ရှာမရသေးဘူး။ သေဆုံးသွားပြီလို့ ယူဆပါတယ်။ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောသည်။

သူ၏ မိဖများမှာ  ဦးအောင်သိန်းမြနှင့် ဒေါ်​ဗြက်မဖြစ်ပြီး ဇနီးမှာ မမိုးချိုမာဖြစ်ကာ လူမမမယ် ကလေး နှစ်ဦးရှိသည်ဟု သိရသည်။

၎င်းအားလက်ရှိအချိန်ထိ ရှာမတွေ့သေးဟု သိရသည်။

ဓာတ်ပုံ- ပေးပို့

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.