နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စက်ရုံ OGT အတွင်း ဝင်ရောက်တပ်စွဲပြီးနေရာယူထားသည့် စစ်ကောင်စီတပ်သားများ မူးယစ်ရမ်းကား
ဝန်ထမ်းနှင့်နီးစပ်သူအမျိုးသားတစ်ဦးက " OGTခြံဝင်းမှာစစ်သားတွေနေတယ်။ တိုက်ပွဲဖြစ်ရင်လည်း အဲ့ဒီစက်ရုံထဲကို ထွက်ပြေးတယ်။အကာအကွယ်ယူတာလေ။ စစ်ကြောင်းထိုးရင်လည်း အဲ့ဒီနားကပြန်ထိုးတယ်။ အဲ့ဒါနဲ့ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဖက်က သောက်စားမူးယစ်ရမ်းကားနေတော့စက်ရုံဝန်ထမ်းတွေကဟန့်တယ်။ အဲ့ဒါနဲ့စကားများရန်ဖြစ်ကြရော။ အဲ့ဒါနဲ့တရုတ်ဝန်ထမ်း၊မြန်မာဝန်ထမ်းရော ရန်ဖြစ်တဲ့စစ်သားတွေကိုရော စစ်ကောင်စီအရာရှိကဖမ်းတယ်။ ဒါပေမယ့် တရုတ်လူမျိုးက သူ့ဝန်ထမ်းကိုငါဟန့်ခိုင်းတာဆိုပြီး ပြန်ခေါ်သွားတယ်။ ဟိုဖက်ကဘာမှမပြောရဲဘူး" ဟုနိရဉ္စရာ ကိုပြောသည်။
ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်အတွင်းက တရုတ်ပိုင် ကုန်းတွင်းသဘာဝဓါတ်ငွေ့လက်ခံသိုလှောင်ပို့ဆောင်ရုံ (OGT)ခြံဝန်းတွင် ဝင်ရောက်နေရာယူထားသည့်စစ်ကောင်စီတပ်သားများသည်အရက်သေစာ သောက်စားမူးယစ်ရမ်းကားမှုများမကြာခဏ ပြုလုပ်နေသဖြင့် ယခုလို စကားများကြခြင်း ဖြစ်သည်ဟု ဆိုသည်။
OGT တည်ရှိသည့်စက်ရုံအပါအဝင် မလကျွန်းဧရိယာအနီးတစ်ဝိုက်တွင် တပ်မစွဲရန်တရုတ်တာဝန်ရှိသူများက စစ်ကောင်စီအရာရှိအကြီးပိုင်းမျာ
" လွန်ခဲ့တဲ့လပိုင်းတုန်းကလည်း တခါ စစ်ကောင်စီအကြီးပိုင်းတွေကိုခေါ်ပြီးစက်ရုံဝင်းထဲနဲ့ စက်ရုံနားက ကွင်းထဲမှာမနေကြဖို့ပြောထားတာရှိ
တရုတ်ဖက်မှသူတို့၏ လုပ်ငန်းခွင်၊ စက်ရုံများကို လက်နက်ကြီးကျည်ကျရောက်မည်စိုးရိမ်သဖြင့် ဟန့်တားရခြင်းဖြစ်နိုင်သည်ဟု နိရဉ္စရာကိုပြောသည်။
" စစ်သားတွေက နေရာလည်းယူတယ်။ အဲ့ဒီကနေ AA ရှိတဲ့ဖက်ကိုလက်နက်ကြီးတွေနဲ့လှ
ယင်းအပြင် ယခင်ကလည်းအဆိုပါ စက်ရုံမှ တရုတ်စကားပြန်များ၊ ဒေသခံဝန်ထမ်းများကိုလည်း(AA)နှင့်ဆက်စပ်နေသည်ဟု စစ်ကောင်စီဖက် သံသယဖြင့် ပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ဝန်ထမ်းနှင့်နီးစပ်သည့်ဒေသခံအမျို
ကျောက်ဖြူတွင်ဖြစ်ပွားနေသည့် တိုက်ပွဲတွင် OGT အပါအဝင် တရုတ်စီမံကိန်းများအနီးတွင်တိုက်ပွဲ မဖော်ဆောင်ရန် AA အား ပြောကြားထားပြီး တစ်ခြားတစ်ဘက်တွင်စစ်ကောင်စီအား ခေတ်မီ ဒရုန်းများသာမက နည်းပညာပိုင်းပါ ကူညီပေးနေသလို စစ်လက်နက်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးနေသည်ဟုသတင်းများထွက်ပေါ်နေသည်ဟု အနီးကပ်စောင့်ကြည့်နေသူများက ပြောသည်။
ကျောက်ဖြူမှ စစ်ကောင်စီတပ်သားများသည် (AA)ကို တိုက်ခိုက်နိုင် အောင် မူးယစ်ဆေးဝါးများသုံးစွဲမှုကို
ကျောက်ဖြူသည် ယူနန်ပြည်နယ်ကို သဘာဝဓာတ်ငွေ့ပို့သည့် တရုတ်-မြန်မာပိုက်လိုင်း စတင်သည့် နေရာဖြစ်သဖြင့် တရုတ်အတွက်အရေးပါသည့်စီမံကိန်းတစ်ခုလည်းဖြစ်သည်။
လက်ရှိရရှိသော သတင်းများအရ စစ်ကောင်စီဖက်မှ မလကျွန်း OGT စက်ရုံအနီးမှ ဒရုန်းများ၊လက်နက်ကြီးများဖြင့် AAရှိနိုင်သည့် နေရာများအားပစ်ခတ်တိုက်ခိုက်နေ
(OGT)စက်ရုံသည် (AA)နှင့်စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်မကြာခဏဖြစ်ပွားနေသည့် ပြိုင်စေကေ့ရွာနှင့် (၂)မိုင်ခန့်သာကွာဝေးကြောင်းသိရသည်။