(အရေးပေါ်အခြေအနေကြေညာတဲ့အထဲ တိုင်းနဲ့ ပြည်နယ်(၉)ခုက မြို့နယ် (၆၃) ခုပါဝင် )
နိရဥ္ဇရာ၊ဇူလိုင်၃၁ /၂၀၂၅
စစ်ကောင်စီက အရေးအပေါ် အခြေအနေကြေညာသည့် မြို့နယ် (၆၃) ခုတွင် အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားသည့် မြို့နယ် (၁၅) ခုပါဝင်သည်။
၎င်းမြို့နယ်များမှာ ရခိုင်ပြည်နယ်က ၁၄ခုနှင့် ချင်းပြည်နယ်မှ ပလက်၀မြို့နယ်တို့ဖြစ်ကြသည်။
စစ်ကောင်စီက ဇူလိုင် ၃၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် (၉) ခုက မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
ရခိုင် အရေးပေါ် အခြေအနေ ကျေညာခံရသည့် ရခိုင် မြို့နယ် (၁၄) ခုကတော့ အာရက္ခတပ်တော် ရမ်းဗြဲ၊ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဂွမြို့၊မောင်တော၊ဘူးသီးတောင်၊ ကျောက်တော်၊မင်းပြား၊မြေပုံ၊မြောက်ဦး၊သံတွဲ၊အမ်း၊ တောင်ကုတ်မြို့နယ်တို့ ဖြစ်ကြပြီး ချင်းပြည်နယ်က ပလက်ဝမြို့နယ်လည်းပါသည်။
အရေးပေါ်အခြေအနေ ကျေညာခံရသည့် တစ်နိုင်ငံလုံးတွင် မြို့နယ် ၆၃ မြို့နယ် ရှိပြီး ၎င်းမြို့နယ်များမှာ ကချင်ပြည်နယ်တွင် (၅) မြို့နယ်၊ ကယားပြည်နယ်၌ (၃) မြို့နယ်၊ကရင်ပြည်နယ်တွင် (၂) မြို့နယ်၊ ချင်းမှာ (၇) မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ (၉) မြို့နယ်၊ မကွေးတိုင်းမှာ (၅) မြို့နယ်၊ မန္တလေးတိုင်းတွင် (၃)မြို့နယ်၊ ရခိုင်ပြည်တွင် (၁၄) မြို့နယ်နှင့်ရှမ်းပြည်တွင် (၁၅)မြို့နယ်တို့ဖြစ်ကြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ကျေညာချက်ထဲတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအရေးပေါ်အခြေအနေကြေညာခြင်း ဥပဒေကဲ့သို့အာဏာတည်သည့်အမိန့်ဟုဆိုသည်။
“ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ပုဒ်မ၄၁၂(က) အရအရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြစ်ပြီး အမိန့်ထုတ်ပြန်သည့်နေမှစတင်ပြီးရက်ပေါင်း(၉၀)အထိအတည်ဖြစ်ကြောင်းကြေညာချက်မှာ ဖော်ပြထားသည်။
ယခုကဲ့သို့အရေးပေါ် ကျေညာချက်ကြောင့် ရခိုင်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်တပ်ကလည်း လူနေကျေးရွာနှင့် မြို့များကို ဗုံးကြဲမှုများပိုမိုပြုလုပ်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။