Preview

ကျောက်ဖြူ တွင် ပိုက်ချ‌နေသည့် ငါးဖမ်းသမား ၆ ဦး ဖမ်း‌ဆီးခံရ

သဉ္ဇာနွယ် | သြဂုတ် ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :2062
ရခိုင် သတင်း

နိရဉ္စရာ၊ ဩဂုတ် ၂/၂၀၂၅

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင်  ပိုက်ချနေသည့် ငါးဖမ်းသမား ၆ ဦးဖမ်းဆီးခံရကြောင်းသတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်တွင်ယမန်‌ နေ့ ဩဂုတ် ၁ ရက်နေ့  ည‌ အချိန်တွင်  ပိုက်ချနေသည့်ငါးဖမ်းသမားများကို ကမ်းခြေစောင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကဖမ်းဆီးသွားသည်ဟု ကျောက်ဖြူဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဆိပ်ကမ်းနားတွေမှာ အစောင့်ချကင်းလှည့်နေတဲ့ စစ်သားတွေဖမ်းတာ။  ဒီနေ့အထိပြန်မလွတ်သေးဘူး။စစ်ဆေးဖို့ခေါ်သွားတယ်။ ရဲစခန်းမှာလား စစ်ကြောရေးမှာလားမသိရသေး" ဟု ပြောသည်။

အဆိုပါစစ်ကောင်စီတပ်သားများထဲတွင် အသစ်ပို့ဆောင်ထားသည့်စစ်တွေနှင့်မာန်အောင်ဖက်မှ တပ်ဖွဲ့ဝင်များလည်းပါဝင်သည်ဟုနောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ကျောက်ဖြူမှာသူတို့သတ်မှတ်ထားတဲ့နေရာမှာ တော့ ငါးဖမ်းခွင့်ကို အကန့်အသတ်နဲ့ စစ်ကောင်စီက နည်းနည်းပါးပါးခွင့်ပြုတာရှိတယ်။ အခုဖမ်းတာက စစ်ကောင်စီတပ်သားအသစ်တွေဖမ်းတာ။ သူတို့ကဒေသခံတွေကို မသိဘူး" ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ ကုလားပိုက်ဆိပ်(ခ) မီးလောင်ကွင်းရပ်ကွက်နှင့်ဆားပြင်ကွင်းတွင် နေထိုင်သူများဖြစ်သည်။


ပြီးခဲ့သည့် ဇူလိုင်၁၉ တစ်ရက် နေ့ကလည်း ငါးဖမ်းစက်လှေများနှင့်အတူရခိုင် ငါးဖမ်းသမား ၁၀ကျော်ကို စစ်ကောင်စီရေတပ်ကဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရပျောက်ဆုံးနေကြောင်း သိရသည်။

ငါးဖမ်းစက်လှေနှင့်အတူဖမ်းဆီးခံရသည့် ငါးဖမ်းသမားများမှာ  ကျောက်ဖြူမြို့နယ်မှ (၅)ဦး၊ရမ်းဗြဲမြို့နယ်မှ (၃)ဦးနှင့်မာန်အောင်မြို့နယ်မှ ၃ ဦးတို့ဖြစ်သည်။

ရခိုင်ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရခိုင် ဒေသခံ ငါးဖမ်းစက်လှေနှင့်ငါးဖမ်းသမားမှာစစ်ကောင်စီထံ ဖမ်းဆီးခံရမှု ရာနှင့်ချီရှိနေပြီဖြစ်သော်လည်း အများစုမှာ  လက်ရှိအချိန်ထိ မည်သည့် နေရာတွင် ထိန်းသိမ်းထားမှန်းမသိရဘဲ  အဆက်အသွယ်မရပဲပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ‌စစ်ကောင်စီ၏နေဗီများသည်စစ်တွေ-  ကျောက်ဖြူ- ပေါက်‌တော- မာန်အောင် မြို့နယ်ကြားရှိ ပင်လယ်ပြင်တွင်ရပ်နားထားပြီး အသွားအလာကင်းလှည့်ကာ ငါးဖမ်းထွက်သည့်ငါးဖမ်းစက်လှေများမြင်လျှင် ဖမ်းဆီးမှုများပြုလုပ်နေသဖြင့် ဒေသခံများမှာ  စီးပွားဖြစ် ငါးဖမ်းမထွက်ရဲဘဲ အသက်ကိုလုကာ ဝမ်းစာအတွက်ရှာဖွေနေရကြောင်းသိရသည်။

#စစ်ကောင်စီ#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.