Preview

သံတွဲမြို့ကိုစစ်ကောင်စီနေဗီက လက်နက်ကြီးနှစ်ကြိမ်လှမ်းပစ်၍ နေအိမ်ပျက်စီးမှုရှိ

ခိုင်လူလှ (ရိုးမမြေ) | သြဂုတ် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :1768
ရခိုင် သတင်း

နိရဉ္စရာ၊  သြဂုတ် ၃/ ၂၀၂၅

စစ်ကောင်စီနေဗီက သံတွဲမြို့ ဂျိတ္တောကို သြဂတ်စ် ၂ ရက်နေ့  ညနေပိုင်းက လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံးပြိုပျက်သွားခဲ့သည်ဟု သတင်းရရှိသည်

ပင်လယ်ပြင်ထဲက စစ်ကောင်စီ နေဗီမှ ညနေ ၃ နာရီ ၃၅ မိနစ်တွင်တစ်ကြိမ်နှင့် ညနေ ၃ နာရီ ၃၇ မိနစ်တွင်တစ်ကြိမ် ပစ်ခတ်ခဲ့သည်။

ပထမအကြိမ် ညနေ ၃ နာရီ ၃၅ မိနစ်ခန့်ကပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ဂျိတ္တော အမှတ် (၄) ရပ်ကွကဦးအောင်ထွန်း၏ အိမ်ခြံဝင်းထဲသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အိမ်ခေါင်မိုး ထိခိုက်ပျက်စီးသွားခဲ့သည်။

ဒုတိယအကြိမ် ညနေ ၃ နာရီ ၃၇ မိနစ်တွင်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဂျိတ္တောအမှတ်(၄) ရပ်ကွက်ရှိ ဦးစိန်အောင်ကြည်၏ နေအိမ်အနောက်ဘက်တွင်ကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။

အလားတူ ဂွမြို့နယ် ရဟိုင်းကူးရွာကိုလည်း ဗုံးကြဲ၍ ရေခဲစက်ကို ထိမှန်ခဲ့ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

လက်ရှိတွင် စစ်ကောင်စီသည် သံတွဲမြို့ရှိ လူနေရပ်ကွက်များအား ပစ်ခတ်နေပြီး တစ်ခြား တစ်ဖက်တွင်လည်း သံတွဲကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း သတင်းများ ထုတ်လွင့်နေသည်ဟု သိရသည်။  Source and Photo: APM

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.