Preview

ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်နေ

သဉ္ဇာနွယ် | သြဂုတ် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :5194
ရခိုင် သတင်း

 


နိရဉ္စရာ၊ ဩဂုတ် ၃ / ၂၀၂၅

 

ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော် ( AA)နှင့် စစ်ကောင်စီတပ်တို့အကြား မလကျွန်းနှင့် ပြိုင်းစေ့ကေကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

 

မြေပြင်‌စစ်ရေးသတင်းရင်းမြစ်တစ်ဦးက" ဒီကနေ့ နံနက်အာရုဏ်တက်ကတည်းက စစ်ကောင်စီဖက်က ထိုးစစ်ဆင်တိုက်ခိုက်တာ။ အင်အားကရာနဲ့ချီပါပါတယ်။ အေအေသိမ်းထားတဲ့ မင်းတက်တောင်အနားအထိထိုးစစ်ဆင်တိုက်လာလို့ တိုက်ပွဲပြင်းတယ်။တိုက်ပွဲပြင်းတာက မလကျွန်းနှင့် ပြိုင်းစေ့ကေကြားမှာ ပြင်းတယ်။   ဒီနေ့တစ်နေကုန်ဖြစ်တယ်" ဟု   နိရဉ္စရာကိုပြောသည်။

ကျောက်ဖြူမြို့နယ်က နေရာ (၂)ခုကိုစစ်ကောင်စီကအင်အားအလုံးအရင်းဖြင့်ဩဂုတ်လ၃ ရက်နေ့ နံနက်ကစပြီး ထိုးစစ်ဆင်နေသော်လည်းAA က နယ်မြေကျွမ်းပြီး တိုက်ရည်ခိုက်ရည်ကောင်းသဖြင့် စစ်ကောင်စီတပ်မှာ အထိနာပြီး အကျဆုံးများနေသည်ဟု ၎င်းက ပြောဆိုသည်။

 

ကျောက်ဖြူတွင်မိုးအရမ်းရွာနေပြီး AA ကနေရာကောင်းမှအသင့်စောင့်ဆိုင်းကာ တိုက်ခိုက်သဖြင့် က်ရှိတိုက်ပွဲများတွငစစ်ကောင်စီတပ်က အကျအဆုံးများနေသည်ဟု AAနှင့်နီးစပ်သူဒေသအုပ်ချုပ်ရေးမှူးတစ်ဦးကလည်းပြောသည်။

" ဒီနေ့ ညနေပိုင်းအချိန်ထိတော့တက်လာတဲ့ စစ်ကြောင်းတွေကို ဟန့်တားထားနိုင်တယ်လို့  ပြောလို့ရတယ်။ စစ်တပ်ကအင်အားအများကြီးနဲ့ တက်လာတော့ အေအေက ပြောက်ကျားချတာ။ စစ်တပ်ကအလောင်းတွေကတော့ပုံနေတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်ဂုံးချွိန်တိုက်နယ်ရှိ ပြိုင်းစေ့ကေ့၊မလကျွန်းဖက်မှစစ်အင်အားရာနှင့်ချီရှိသည့်စစ်ကောင်စီ စစ်ကြောင်းများသည့်  ယနေ့ ဩဂုတ်ရက်နေ့နံနက်ပိုင်းကတည်းကAAသိမ်းထားသည့်မင်းတက်တောင်ဖက်ကိုထိုးစစ်ဆင်တိုက်ခိုက်လာသည်ဟုသိရသည်။

 

၎င်းပြင်သစ်ပုတ်တောင်တိုက်နယ်၊ဓညဝတီရေတပ်ဌာနချုပ်မှလည်း စစ်သည်အင်အား ရာနှင့်ချီရှိသည့် စစ်ကြောင်းတစ်ခုသည်(AA)ရှိရာသို့စစ်ကြောင်းထိုးလာသဖြင့် ကပ်သပြေနှင့်ကုလာဘာကျေးရွာအကြားတွင်  တိုက်ပွဲပြင်းနေသည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ကပ်သပြေနဲ့ ကုလာဘာကြားမှာဖြစ်တာ။ တိုက်ပွဲကတော့ သူချကိုယ်ချ လက်နက်တွေကလည်းအစုံပစ်နေတယ်။ အဓိကဒရုန်းနဲ့ပစ်တယ်။  စစ်တပ်က ရေကြောင်းကလည်းပစ်တယ်။ အခုည‌ နေအထိပြင်းတုန်း  " ဟု ပြောသည်။

အာရက္ခတပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်သည့်အထဲတွင် ဩဂုတ်အစပိုင်းက ကျောက်ဖြူတွင်အင်အားဖြည့်ထားသည့် ပြည်သူ့စစ်များလည်းပါဝင်ပြီးထွက်ပြေးမှုများလည်း ရှိနေသည်ဟု မြေပြင်သတင်းအရသိရသည်။

အမှတ်(၃၂)ရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေနှင့်ဓညဝတီရေတပ်ဌာနချုပ်ဖက်ရှိ ကုလာဘာကျေးရွအနီးပတ်ဝန်းကျင်တွင် ယခု ဩဂုတ် (၁)ရက်နေ့မှစ၍  အပြန်အလှန် လက်နက်ကြီလက်နက် ငယ်ပစ်ခတ်သံများကို ကျယ်ကျယ်လောင်လောင် ပြန်လည်ကြားလာရသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည်တိုက်ပွဲဖြစ်နေသည့်ကျောက်ဖြူမြို့သို့ အင်အားအနည်းဆုံး၃၀၀ ကနေ အများဆုံး ၅၀၀ခန့်အထိတင့်ကား ၄ စီးနှင်အတူ ယခုရက်ပိုင်းအတွင်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။

ယင်းသို့အင်အားဖြည့်ပြီးနောက် ယခင်တိုက်ပွဲဖြစ်ခဲ့သည့် နေရာများနှင့် (AA)ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီမှအင်အားအလုံးအရင်းဖြင့်  အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူသည် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေအများအပြားရှာပေးသည့်မြို့ဖြစ်သည့်အပြင် တရုတ်စီမံကိန်းကြီးများလည်း အများအပြားရှိသဖြင့်ကျောက်ဖြူမြို့ AA လက်ထဲမကျစေရန် ကြည်းရေလေအင်အားကို အသုံးပြုကာခုခံကာကွယ်နေခြင်းဖြစ်သည်ဟုသိရသည်။

 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.