Preview

ဘင်္ဂလားဒေ့ရှ် စစ်တပ်က ပြောသလို KNF နှင့် AA တို့အကြားဆက်နွယ်ပတ်သက်မှုမရှိကြောင်း AA ပြော

ခိုင်လူလှ (ရိုးမမြေ) | သြဂုတ် ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :3782
ရခိုင် သတင်း

နိရဉ္စရာ၊ဩဂုတ် ၄/ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းနယ်တွင်လူနည်းစုအခွင့်အရေးအတွက်လက်နက်ကိုင်တော်လှန်နေသည့်ကူကီး-ချင်းအမျိုးသားတပ်ဦး (  Kuki-Chin National Front) နှင့်အာရက္ခတပ်တော် ( AA) တို့အကြားဆက်နွယ်ပတ်သက်မှုမရှိကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားသည်။

လွန်ခဲ့သည့်ကြာသပတေးနေ့ကဒါကာမြို့ရှိကြည်းတပ်စစ်တပ်ဌာနချုပ်တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် KNF နှင့် AA အကြား ဆက်နွယ်ပတ်သက်မှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်စစ်ရေး စစ်ဆင်ရေးမှူးဒါရိုက်တာဗိုလ်မှူးချုပ်Md Nazim-Ud-Daula ကပြောဆိုသွားမှုနှင့်  ပတ်သက်ပြီး ဦးခိုင်သုခကို နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် ခုလို တုံ့ပြန်သွားခဲ့ခြင်းဖြစ်သည်။

“  ဘင်္ဂလာဒေ့ရှ်စစ်တပ်ဟာ သူ့နိုင်အတွင်းမှာ လှုပ်ရှားနေတဲ့ အာဆာအအပါအဝင် မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေပေါင်းစုံကို သူတို့အနေနဲ့ အကူအညီပေး နေတာတွေကို ဖုံးကွယ်လို့တဲ့အတွက်  ဒီလို KNFနဲ့  ကျွန်တော်တို့ အဆက်အသွယ်ရှိတယ်ဆိုပြီး လုပ်ကြံစွပ်စွဲနေတာသာဖြစ်တယ်”ဟု ဦးခိုင်သုခက ပြောသည်။

ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) သည်အာရက္ခတပ်တော်ထံမှလက်နက်များရယူပြီးစစ်တကောင်းတောင်တန်းနယ်တွင်သူ၏ဩဇာနယ်ပယ်ကိုချဲ့ထွင်ရန်ကြိုးပမ်းနေသလားဆိုသည့်  သတင်းထောက်တစ်ဦး၏ မွေးခွန်းအပေါ်  ဘင်္ဂလာစစ်တပ်မှ ဗိုလ်မှူးချုပ်Md Nazim-Ud-Daula  ကဖြေကြားရာတွင်“သူတို့ရဲ့လူမျိုးစုအကြားမှာအယူဝါဒတူညီကြတာကြောင့်KNF နဲ့AA တို့အကြားဆက်နွှယ်မှုကအံ့သြစရာမဟုတ်ပါဘူး” ဟုပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုမှု အပေါ်  ဦးခိုင်သုခ “ ကျွန်တော်တို့ဘက်က ပြန်ပြောချင်တာကတော့ သူတို့ဘက်က ပြောဆိုထားသလို KNF ကို ကျွန်တော်တို့က လက်နက် ထောက်ပံ့နေတယ်ဆိုတာ လုံး၀ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်” ဟု ပြောသည်။  

နောက်တစ်ချက် သူတို့ ထောက်ပြတာက အကြောင်းပြချက်က KNF လူမျိုးတူ ဘာသာတူ ဖြစ်သည့်အတွက် ထောက်ပံ့နေခြင်းမှာ အဆန်းမဟုတ်လို့  ပြောထားချက်မှာလည်း လက်ခံနိုင်စရာ မရှိဟု ဦးခိုင်သုခက ပြောသည်။

“ ဘင်္ဂလားဒေ့ရှ်စစ်တက် အရာရှိတွေအနေနဲ့  သူ့နိုင်ငံထဲမှာ ရှိတဲ့ လူမျိုးချင်း တစ်ခုချင်းစီရဲ့ သမိုင်းနဲ့ ဆက်စပ်မှု ဖြစ်တည်မှုတွေကို လေ့လာဖို့  အသေအချာ ဂဃန သိအောင် လေ့လာသင်ကြားဖို့ အတွက် လိုသေးတယ်လို့ မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဘုံလို့ ခေါ် တဲ့ ကူကီးလူမျိုးစုတွေဟာ အိန္ဒိယထဲက မီဇူရမ်ပြည်နယ်က မီဇူလူမျိုးတွေနဲ့သာ ဘာသာရေးအရ၊ လူမျိုးရေးအရ ယဉ်ကျေးမှု အရ  အားလုံး ဆက်စပ်နေတာသာဖြစ်တယ်။ ဒါကို သမိုင်းအမှန်ကို မသိဘဲ ကျွန်တော်တို့နဲ့ ဘာသာတူ၊ လူမျိုးတူ ဆက်စပ်နေတယ်လို့ စွပ်စွဲနေတာဟာ (လုံး၀)လွှဲမှားနေတယ်လို့ ကိစ္စလို့ ထောက်ပြချင်ပါတယ်။”  

၎င်းပြင် ဦးခိုင်သုခက “ KNF စပြီး ဖြစ်ပေါ်လာသည့် သမိုင်းကို စစ်ရေး နိုင်ငံရေးကို လေ့လာလူတိုင်း သိကြောင်း၊ KNF ကို ဘယ်သူက မွေးထုတ်ခဲ့လဲ။ ဘင်္ဂလားဒေ့ရှ် စ်တပ်က KNF ဘယ်လို မွေ ထုတ်ခဲ့သလဲ ။ ဘယ်သူတွေကို Divide and Rule လုပ်ဖို့  ဘယ်သူတွေက ဖန်တီးခဲ့သလဲဆိုတာဒီကိစ္စလူတိုင်းသိတယ်။  တစ်ခြားလူတိုင်း အခြေအမြစ်မရှိဘဲ စွပ်စွဲ နေတာ အင်မတန် အောက်တန်းကျတဲ့ စွပ်စွဲချက်သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟုလည်း ပြောဆိုသွားခဲ့သည်။

လွန်ခဲ့သည့် ကြာသပေးတေးနေ့က ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ ဗိုလ်မှူး Sadique ကိုယခင်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီးနာပါတီမှ အဖွဲ့ဝင်များအား သင်တန်းပေးသည့် အတွက်ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် KNFနှင့် AA ဆက်နွယ်မှုရှိကြောင်းပြောဆိုသွားခဲ့သည်။

KNF သည် ဘင်္ဂလာဒေ့ရှ်အစိုးရအား လက်နက်ကိုင် တော်လှန်နေသည့် လူမျိုးစု လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး ယခုနှစ်အစောပိုင်းကKNF ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်စစ်သားရှစ်ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဘင်္ဂလာစစ်တပ်မှ ဗိုလ်မှူးချုပ်Md Nazim-Ud-Daula  က ထုတ်ဖော် ပြောကြားသွားခဲ့သည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.