Preview

AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ "သူပုန်ဖြူ" ကဗျာစာအုပ် live လွှင့်ရောင်းချမှု ဒေါ်လာ လေးသောင်းအထိ ရရှိ

သဉ္ဇာနွယ် | သြဂုတ် ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :747
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဩဂုတ် ၄ /၂၀၂၅

အာရက္ခတပ်တော်(AA)၏ ဒုတိယ စစ်ဦးစီးချုပ်‌ဒေါက်တာညိုထွန်း‌အောင် ရေးသားထုတ်ဝေသည့် "သူပုန်ဖြူ" ကဗျာစာအုပ်ကို live လွှင့်ရောင်းချမှု အမေရိကန်ဒေါ်လာ လေးသောင်းအထိရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါစာအုပ် လေလံပြိုင်ပွဲကို ဒေါက်တာ ညိုထွန်းအောင်က ယနေ့ ဩဂုတ် ၄ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ရောင်းချခဲ့ရာ ကဗျာစာအုပ်အမှတ်စဉ် (၀၁၁၀၉)ပိုင်ရှင်က အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ လေးသောင်းပေးပြီး ဝယ်ယူခဲ့သဖြင့် လေလံပိတ်ခဲ့ကြောင်း သိရသည်။

"သူပုန်ဖြူ" ကဗျာစာအုပ်ကို ရခိုင်၊ မြန်မာ နှစ်ဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်လည်း ဘာသာပြန်ရေးသားမည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ဆက်လက် ထုတ်ဝေသွားမည်ဟု ဒေါက်တာညိုထွန်းအောင်က ဆိုသည်။

"အစတုန်းက ဒီစာအုပ်ကို ရခိုင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသားစကား သုံးမျိုးနဲ့ ထုတ်မယ်လို့ စီစဉ်ခဲ့တာ။ အခုဒီစာအုပ်မှာတော့ ရခိုင်နဲ့ မြန်မာ ဘာသာစကား နှစ်မျိုးနဲ့ ဖြစ်သွားတယ်။ မကြာခင် အင်္ဂလိပ်လို ထုတ်ဖို့ လုပ်နေတယ်" ဟု ပြောသည်။

blob

သူပုန်ဖြူ ကဗျာစာအုပ်ကို ပြီးခဲ့သည့် မေလ တတိယအပတ်ကတစ်ကြိမ် လေလံတင်ရောင်းချရာတွင် ပထမဆုံးအဖြစ် ကဗျာစာအုပ် အမှတ်စဉ် (၁၁၅၄၃) က အမေရိကန်ဒေါ်လာ ၁,၀၀၀ ဖြင့်လေလံဆွဲခဲ့ကြောင်း သိရသည်။

စာအုပ်ပါကဗျာများကို ရခိုင်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားပြီး ကဗျာပုဒ်ရေ ၄ဝ ခန့်ပါဝင်သည်ဟုလည်း သိရသည်။

အဆိုပါကဗျာများမှာ တော်လှန်ရေးကာလဖြတ်သန်းခဲ့ရသည့် စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးစသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

သူပုန်ဖြူစာအုပ်ကို ပထမအကြိမ်အဖြစ် အုပ်ရေ ၁၄,၀၀၀ ထုတ်ဝေထားပြီး ရောင်းရငွေ၏ ၃၅ ရာခိုင်နှုန်းကို အာ ဏာ သိမ်းပြီးနောက်ပိုင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် တော်လှန်ရေးတပ်သားများကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဒေါက်တာညိုထွန်းအောင်သည် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်အတွင်းကလည်း "သူပုန်ဖြူ"အမည်ရှိကဗျာစာအုပ်တစ်အုပ်ကို ရခိုင်၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်စသည့် ဘာသာစကား လေးမျိုးဖြင့် ထုတ်ဝေခဲ့သေးသည်။

ဓာတ်ပုံ - သူပုန်ဖြူ

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#လူမှုရေးရာ#စာပေရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.