Preview

စစ်တွေတွင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား၃ဦးကို စစ်ကောင်စီဖမ်းဆီးသွား‎

နိရဉ္စရာ | သြဂုတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :1346
ရခိုင် သတင်း

ခိုင်ဝံသ (လေးမြို့မြီ)-နိရဉ္စရာ၊ သြဂုတ်၅/ ၂၀၂၅

စစ်ကောင်စီထိန်းချုပ်သည့် စစ်တွေမြို့တွင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီမှ ဩဂုတ်၃ ရက်နေ့က မတရားဖမ်းဆီးသွားသည်ဟုစစ်တွေဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာရွာသာယာမှဒေါ်မဦးခင် (၃၆ )နှစ်၊ မောင်၀င်းမင်းဇော် (၂၃)နှစ်နှင့် မောင်အောင်ကျော်ဌေး(၂၄)နှစ်တို့ဖြစ်ကြသည်။

"သူတို့ကို ဧည့်စာရင်းအကြောင်းပြပြီးစစ်တယ်။ပြီးတော့ ခန္ဓာကိုယ်မှာအမှတ်အသားတွေရှာတယ်။ မသင်္ကာစရာစစ်ဆေးတွေ့ရှိတယ်ဆိုပြီးဖမ်းသွားပါတယ်"ဟု၎င်းက ပြောသည်။

ဩဂုတ်၃ ရက်နေ့ည ၁၀ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့်ရဲအင်အား ၄၀ ကျော်ခန့် ရွာသာယာသို့ကားများဖြင့် ရောက်လာပြီး နေအိမ်အချို့ကိုစီးနင်းရှာဖွေကာ ဧည့်စာရင်းအကြောင်းပြပြီးရွာသား ၃ ဦးအား ဖမ်းသွားသည်ဟုဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့တွင်ပိတ်မိနေသူများထဲမှ လူငယ်များကို ယခုလို မတော်မတရားအကွက်ဆင်ပြီး တမင်ဖမ်းဆီးနေပြီး တချို့ ကိုစုဆောင်းရေးကိုပို့ဆောင်နေသည်ဟု  အမည် မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးလည်းပြောဆိုသည်။ 

"စစ်တွေက လူငယ်တွေကို ဘယ်မှ သွားစရာမလိုဘဲအိမ်မှာမိဘတွေနေရင်းအဖမ်းခံနေကြရတာ။  စစ်တပ်က စစ်ဆေးလာရင်သူတို့  အဖမ်းခံရတယ်။တချို့ဆို စစ်သားစုဆောင်းရေးကိုပို့ဆောင်ခံနေရတယ်"ဟုပြောသည်။

စစ်တွေတွင် လူငယ်များအပါအဝင် အရပ်သားများ မကြာခဏ ဖမ်းဆီးခံနေရပြီး လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အရေအတွက် မည်မျှဖမ်းဆီးခံထားရသည်ကို မသိရှိရကြောင်း၊ အများစု မိသားစုဝင်များမှာဆက်သွယ်ရေးအခက်အခဲနှင့် စိုးရိမ်ကြောက်ရွံ့မှုဖြင့် ပြင်ပသို့ ထုတ်ဖော်ပြောကြားမှု မရှိကြဟု ၎င်းက ပြောဆိုသည်။  

စစ်ကောင်စီသည် ဇူလိုင်၁၆ ရက်ကလည်း စစ်တွေမြို့၊ နန္ဒာရာမဘုန်းကြီး ကျောင်းတွင်နေထိုင်သူကို သောင်းမင်း(ခ)လင်းယုန် (၃၈)နှစ်ကိုမတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။  ‎

#စစ်ရေး#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.