ညတော့ညပါပဲ..
ကြယ်ကလေးတွေတစ်လက်လက်
မိုးတိမ်ကြားမှာ ပွင့်အံထွက်လာလိုက်ပုံများ
လွမ်းမောဖွယ်ရာ..။
ဟိုး.. ဟိုမှာ
လမင်းကြီးကလည်း
သာတစ်လှည့် မသာတစ်လှည့်
မိုးတိမ်ကြားမှာ ပြေးကစားနေပုံများ
သက်မဲ့ရောင်စုံကားချပ်ပမာ…။
ဟိုတစ်ကွက် ဒီတစ်ကွက်
အုန်းလက်စီရီပေါ်မှာ
လမ်းရောင်ဆမ်းထားပုံကလည်း
ခုံမင်နှစ်သက်ဖွယ်ရာ မြင်ကွင်းစုံပုံပါဘဲ။
အဲဒီညမှာပဲ
ရနံ့သင်းတဲ့ ပန်းကလေးတွေ
မြူးတူးကခုန်မကစားကြဘူး။
အဲဒီညမှာပဲ
ရွာရိုးတစ်လျှောက် အိမ်တိုင်းစေ့
ဖြတ်သန်းစီးဆင်းတဲ့ စမ်းရေစီးသံတွေလည်း မကြား၇ဘူး။
ရွာပလွေသံလေးကလည်းတိတ်လို့။
ယုတ်စွအဆုံး
ပိုး၊ ပုဇဉ်း၊ ပုရစ်သံတွေတောင် မကြား၇တော့တဲ့ည။
ညတော့ ညပါပဲ။
အဲဒီညမှာပဲ..
အဲဒီညကို
ကျွန်တော်တို့ သဂြို င်္လိုက်ကြတယ်။
ဘုန်းစည်သူ (၁၀/၆/၂၀၁၉)