Preview

ကိုပါတောင်အမေရိကဖလား အုပ်စုပွဲစဉ်များအပြီး နာမည်ကြီးဘရာဇီလ်း၊ အာဂျင်တီးနား၊ ဥရုဂွေး အသင်းများ ကွားတားဖိုင်နယ်တက်ရောက်

ဇွန် ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :5633
အားကစား သတင်း


နိရဥ္စရာ၊ ဇွန် ၂၆/ ၂၀၁၉


ကိုပါတောင်အမေရိကဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များအပြီးတွင် အိမ်ရှင်ဘရာဇီလ်း အသင်းနှင့်အတူ နာမည်ကြီး အာဂျင်တီးနား ၊ ဥရုဂွေး၊ ချီလီ၊ ကိုလံဘီယာ၊ ပါရာဂွေး၊ ပီရူး နှင့် ဗင်နီဇွဲလားအသင်းတို့ ကွားတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ကြကြောင်း သိ၇သည်။


အင်္ဂါနေ့က ကစားသော အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များတွင် အာဂျင်တီးနားအသင်းက ကာတာ အသင်းကို တိုက်စစ်မှုး မာတီနက်၏  ပွဲအစ (၄)မိနစ် နှင့် အဂွေးရို (၈၂) မိနစ်သွင်းဂိုး တို့ဖြင့်အနိုင်ရရှိခြင်းဖြစ်ပြီး ကွားတားဖိုင်နယ်သို့ တက်ရောက်သွားခြင်း ဖြစ်သည်။


အာဂျင်တီးနားအသင်းသည်  အုပ်စုအဖွင့်ပွဲစဉ်တွင် ကိုလံဘီယာအသင်းကို (၂-၀) ဖြင့်ရှုံးနိမ့်ခဲ့ပြီး ၊ ပါရာဂွေးအသင်းကို တစ်ဂိုးစီသရေကျကာ နောက်ဆုံးပွဲအ နိုင်၇လဒ်ဖြင့် ပြန်လာနိုင်ခဲ့ခြင်းလည်းဖြစ်သည်။


အာဂျင်တီးနားအသင်းမှာ ပွဲစဉ်များအပြီး စုစုပေါင်း၇မှတ် (၄) မှတ်အုပ်စု ဒုတိယနေရာဖြင့် ကိုလံဘီယာအသင်း နှင့် အတူ နောက်တစ်ဆင့် သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။


အုပ်စု (ခ)၏ အခြားပွဲစဉ်တစ်ပွဲဖြစ်သော ပါရာဂွေးအသင်းနှင့် ပထမနေရာက ကိုလံဘီယာပွဲစဉ်မှာ ကိုလံဘီယာအသင်းက တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသော်လည်း ပါရာဂွေးအသင်းမှာ အကောင်းဆုံးအုပ်စုတတိယ ဖြင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။


စုစုပေါင်းအသင်း (၁၂) သင်း၊ အုပ်စု (၃) စု ပါဝင်ယှဉ်ပြိုင်ပြီး မနေ့က အုပ်စုအဆင့် ပွဲစဉ်အားလုံး အပြီးဆုံးခဲ့ကာ (၈) သင်းကွားတွားဖိုင်နယ်သို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။


 အုပ်စု (က) မှ အိမ်ရှင်ဘရာဇီလ်းအသင်းက အုပ်စုပထမ ၊ဗင်နီဇွဲလားဒုတိယ နှင့် ပီရူးအသင်းအသင်းက အကောင်းဆုံး အုပ်စု တတိယ နေရာဖြင့်လည်းကောင်း  ကွားတားအဆင့်သို့တက်ရောက်နိုင်ခဲ့သည်။


အုပ်စု(ခ) မှ ကိုလံဘီယာက အုပ်စုပထမ ၊ အာဂျင်တီးနား အုပ်စုဒုတိယနှင့် ပါရာဂွေးအသင်းမှာ အကောင်းဆုံးအုပ်စုတတိယ ဖြင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။


 အုပ်စု (ဂ) မှ ဥရုဂွေး နှင့် ချီလီ တို့အသီးသီးတက်ရောက်ခဲ့ခြင်းဖြစ်သည်။


ကွားတားဖိုင်နယ်ပွဲစဉ်များကို လာမည့် ဇွန်လ (၂ရ) ရက်နေ့မှ (၂၉) ရက်နေ့အတွင်းကစားမည်ဖြစ်ပြီး အိမ်ရှင်ဘရာဇီလ်းအသင်း နှင့် ပါရာဂွေး၊ နာမည်ကြီး အာဂျင်တီးနားနှင့် ဗင်နီဇွဲလား၊ လက်ရှိချန်ပီယံ ချီလီအသင်းနှင့် ကိုလံဘီယာအသင်း တို့အပြင် ဥရုဂွေး နှင့် ပီရူး အသင်းတို့ တွေ့ဆုံကစား၇မည်ဖြစ်သည်။



(ဓာတ်ပုံ- အင်ဂျင်တီးနားအသင်းကို ယခုနှစ် ကိုပါဖလားတွင် တွေ့ရစဉ်)
(ဤအားကစားသတင်းအား ALH ( စစ်တွေ) မှရေးသားတင်ပြသည်။)

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.