Preview

နောက်ဆုံးရအားကစားသတင်း အတိုအထွာများ

ဇွန် ၂၇/ ၂၀၁၉ | ကြည့်ရှုသူ :6266
အားကစား သတင်း

၂၇/၆/၂၀၁၉


-    အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ်တွင် နယ်သလန် အသင်းက ဂျပန်အသင်းကို ၂-၁ ဂိုးဖြင့်လည်းကောင်း အီတလီအသင်းက တရုတ်အသင်းကို ၂-၀ ဖြင့်အနို်င်ရရှိခဲ့ပြီး ကွားတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ကြပြီဖြစ်သည်။

-    အမျိုးသမီးကမ္ဘာဖလား ကွားတားဖိုင်နယ်တွင် အင်္ဂလန်အသင်းနှင့် နော်ဝေး ၊ပြင်သစ် အသင်းနှင့် အမေရိကန်၊ အီတလီ နှင့် နယ်သလန်အသင်း ၊ဂျာမနီ နှင့် ဆွီဒင်အသင်း တို့အသီးသီးတို့တွေ့ဆုံနေကြောင်းသိ၇သည်။

-    PSG အသင်း၏ ဘရာဇီလ်းအသင်းတိုက်စစ်မှုး နေမာသည် ဘာစီလိုနာအသင်းသို့ ပြန်လည် ပြောင်းရွှေ့ရန် ပုဂိုလ်ရေး သဘောတူညီမှုရရှိသွားပြီဖြစ်သည်။

-    မန်ချက်စတာယူနိုက်တက်အသင်းသည် ခရေစတယ်ပဲလေ့စ် ညာနောက်ခံလူ အာရမ် ဝမ် ဘက်စကာ ကို ပေါင်သန်းငါးဆယ်ဖြင့် ခေါ်ယူနိုင်ရန်အလွန်နီးစပ်နေပြီး မကြာမီခေါ်ယူနို်င်တော့မည်ဖြစ်သည်။

-    ချဲလ်ဆီးအသင်းနည်းပြအသစ်အဖြစ် ကစားသမားဟောင်း ဖရန့် လမ်းပတ် ကို နှစ်နှစ် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

-    အဲဗာတန်အသင်းသည် ဘာစီလိုနာအသင်း ကွင်းလယ်လူ အင်ဒရီ ဂိုမက်စ် ကို ပေါင် (၂၂) သန်းဖြင့် ငါးနှစ်စာချုပ်ချုပ် ဆိုကာ နှင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။

-    မန်ချက်စီးတီးအသင်း၏ စပိန် ကွင်းလယ်ကစားသမား ဒေးဗစ်ဆဲလ်ဗား သည် အသင်းနှင့် ဆယ်နှစ်တာ ကစားပြီး လာမည့်ဘောလုံးရာသီကုန်တွင် လမ်းခွဲတော့မည်ဖြစ်သည်။

-    နယူးကာဆယ် အသင်းနည်းပြဖြစ်သူ စပိန်လူမျိုးဘင်နီတက်သည် အသင်းမှနှတ်ထွက်သွားခဲ့ပြီဖြစ်သည်။ 
 
-    Myanmar National League ပွဲစဉ် (၁၃) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းသည် ဧရာ၀တီယူနိုက်တက်အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အဝေးကွင်းတွင်အနိုင်ရရှိပြီး အဆင့် (ရ) နေရာသို့ တက်ရောက်နိုင်ခဲ့ကြောင်းသိ၇သည်။


ALH (စစ်တွေ) စုစည်းတင်ပြသည်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.