Preview

ကိုပါဖလား ကွားတားဖိုင်နယ်တွင် ဘရာဇီလ်းအသင်းပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ပါရာဂွေးကိုနိုင်ကာ ဆီမီးဖိုင်နယ်တက်ရောက်

ဇွန် ၂၈/ ၂၀၁၉ | ကြည့်ရှုသူ :8710
အားကစား သတင်း

By ALH (SKY)


ကိုပါတောင် အမေရိကဖလား ယနေ့နံနက် ကွားတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဘရာဇီလ်း အသင်းသည် တစ်ယောက်လျော့ ပါရာဂွေးအသင်းအား မိနစ်ကိုးဆယ်အတွင်း ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့သောကြောင့် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ လေးဂိုးသုံးဂိုးဖြင့်အနိုင်ရပြီး ဆီမီဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိ၇သည်။


အိမ်ရှင်ဘရာဇီလ်းအသင်းသည် ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း တိုက်စစ်မှုးများ အသုံးမချနို်င်ခဲ့ဘဲ ပါရာဂွေးဂိုးသမားလက်စွမ်းပြ ကာကွယ်နေခြင်းကြောင်း လည်းဖြစ်သည်။ ဘရာဇီလ်းတိုက်စစ်တွင် ဂျေဆူးက ဦးဆောင်က ဖာမီနို၊ကော်တင်ဟို၊ နှင့်လူငယ်ကစားသမား အဲဗာတန်ပွဲထွက်လာခဲ့သည်။


ပါရာဂွေးအသင်းမှ နောက်ခံလူ ဖာဘီယမ် ဘာလူနာ မှာ ပွဲချိန် (၅၈) မိနစ်တွင် လူချကစားသည်ဟု ဆိုကာ တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံခဲ့ရသော်လည်း ပါရာဂွေးအသင်းသည် ဘရာဇီလ်းအသင်း၏ တိုက်စစ်ကိ ု အကောင်းဆုံးဟန့်တား ထားနို်င်ခဲ့သည်။


မိနစ်ကိုးဆယ်ပြည့်ပြီး အချိန်ပိုဆက်မကန်ဖြစ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်ကို တိုက်ရိုက်ကန်သွင်းခဲ့ကြရာ ဘရာဇီလ်းဂိုးသမား အဲလစ်ဆန် သည် ပါရာဂွေးကစားသမား ဂူစတာဗို ဂိုမက်စ် ကန်သွင်းမူကို ကာကွယ်နိုင်ခဲ့ပြီး ၊ ဂွန်ဇာလက်ကန်သွင်းမှုလွှဲလျှော်ခဲ့ကာ ဘရာဇီလ်းအသင်းမှ ဝီလျံ၊ မာကွင်ဟို၊ ကော်တင်ဟို နှင့် ဂျေဆူး တို့ဝင်အောင်ကန်သွင်းပြီး ဖာမီနိုလွဲလျှော်ခဲ့ကြောင်းလည်း ဖြစ်သည်။


ဘရာဇီလ်အသင်းမှာ ဆီမီးဖိုင်နယ်တွင် ဗင်နီဇွဲလား - အာဂျင်တီနား ပွဲမှအနိုင်ရမည့် အသင်းနှင့် ဗုဒ္စဟူနေ့တွင် ဆက်လက်ကစား၇မည်ဖြစ်သည်။
----------------

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.