Preview

မဟာပြိုင်ဖက် အာဂျင်တီးနားကို အနို်င်ယူပြီး ဘရာဇီလ်းအသင်း ဖိုင်နယ်တက်ရောက်

ဇူလိုင် ၀၃/ ၂၀၁၉ | ကြည့်ရှုသူ :1262
အားကစား သတင်း

 
ALH (SKY) ရေးသားတင်ပြသည်။ (3/7/2019)


ကိုပါတောင်အမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဘရာဇီလ်းအသင်းက မဟာပြိုင်ဖက် အာဂျင်တီးနားအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်အနို်င်၇ပြီး  ၂၀၀၇ ခုနောက်ပိုင်း ချန်ပီယံလုပွဲစဉ်ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။


ဘရာဇီလ်းအသင်းအတွက် ပထမပိုင်း (၁၉) မိနစ်တွင် ဖာမီနို၏ဖန်တီးမှု မှတဆင့် တိုက်စစ်မှုး ဂျေးဆူးက ပိတ်သွင်းပြီး ဒုတိယပိုင်း (၇၁) မိနစ်တွင် ဂျေးဆူး၏ အာဂျင်တီးနားနောက်ခံလူ သုံးဦးကိုလှည့်စားကာ တစ်ကိုယ်တော်ထိုးဖောက်မှုမှတဆင့် ဖာမီနိုက သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အနို်င်ဂိုးရပြီး ဘရာဇီလ်းအသင်းမှာ ထိမ်းကစားခဲ့ခြင်းကြောင့် ဒုတိယပိုင်းတွင်အာဂျင်တီးနားအသင်း တိုက်စစ်ပိုကောင်းခဲ့ခြင်းလည်းဖြစ်သည်။


တိုက်စစ်မှုး မက်ဆီ၊ အဂွေးရိုး နှင့် မာတီနက် ဦးဆောင်လာခဲ့သော အာဂျင်တီးနားအသင်းမှာ ပွဲစဉ်အတွင်း ဂိုးပေါက်ကန်သွင်းခွင့် (၁၄) ကြိမ်ရှိခဲ့သော်လည်း ဘရာဇီလ်းအသင်း ၏ ထိန်းချုပ်ကစားသော ကစားကွက်ကို မယှဉ် နိုင်ဘဲ ရှုံးနိမ့်ခဲ့၇ခြင်းဖြစ်သည်။ ပွဲချိန် (၅၂) မိနစ်တွင် မက်ဆီ၏ ကန်သွင်းချက် ဂိုးတိုင်ထိပြီး ပြန်ထွက်သွားခဲ့ရာ ၄င်းဂိုးသာ ဝင်ခဲ့ပါက ပွဲအဖြေ တစ်မျိုးပြောင်းလဲသွားနိုင်မည်ဖြစ်သည်။


ဘရာဇီလ်းအသင်းအနေဖြင့် မနက်ဖြန်ကစားမည့် ပီရူးနှင့် ချီလီအသင်းကစားမည့် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်တွင် အနိုင်၇မည့်အသင်းနှင့် ဇူလိူင်လ (၈) ရက်နေ့တွင် ဖိုင်နယ်ကစမည်ဖြစ်ပြီး တတိယလုပွဲစဉ်ကိုတော့ အာဂျင်တီးနား နှင့်ဆီမီးဖိုင်နယ်ရှုံးနိ်မ့်မည့် အသင်းတို့ ဇူလိူင်လ (ရ) ရက်နေ့တွင်ကစားကြမည်ဖြစ်သည်။

နောက်ဆုံး၇အားကစားသတင်းများ


-    ပြင်သစ်နိုင်ငံတွင်ကျင်းပနေသည့် အမျိုးသမီးကမ္ဘာ့ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်တွင် နာမည်ကြီး အမေရိကန်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို (၂-၁) ဂိုးဖြင့်အနိုင်၇ဗိုလ်စွဲခဲ့ပြီး ၂၀၁၁၊ ၂၀၁၅  အပါအဝင် သုံးနှစ်ဆက်တိုက် ဗိုလ်လုပွဲတက်ရောက်နို်င်ခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ကို မနက်ဖြန်တွင် နယ်သာလန် နှင့် ဆွီဒင်အသင်းတို့ကစားကြမည်ဖြစ်သည်။
-    ရှေးတန်းလူငယ်တိုက်စစ်မှုး မာကို ရပ်ရှဖို့ ကို (၂၀၂၃) ခုနှစ်အထိ စာချုပ် သက်တမ်းတိုးခဲ့ပြီး နောက် မန်ချက်စတာယူနိုက်တက်အသင်းသည် လက်စတာစီးတီးအသင်းနောက်ခံလူ ဟေရီ မီဂွဲယားကို ပေါင်သန်း (၇၀) ဖြင့်ခေါ်ယူရန်ကမ်းလှမ်းလိုက်သည်။
-    အာဆင်နယ်အသင်းသည် ဘရာဇီလ်းကလပ် အီတိုယာနိုအသင်းမှ (၁၈)နှစ်အရွယ် ဘရာဇီလ်းလူငယ်ကြယ်ပွင့် ဂေဘရီယဲ မာတင်အဲလီ ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
-    စပါးအသင်းသည် ပြင်သစ်ကလပ် လီယွန်မှ ပြင်သစ်ကွင်းလယ်ကစားသမား တမ်ဂွေး အန်ဒွန်ဘီလီ ကိုပြောင်းရွှေ့ကြေး ယူရို သန်း (၆၀) ဖြင့်ခေါ်ယူလိုက်သည်။
-    ဝင်ဘယ်တန် ၂၀၁၉ တင်းနစ်အ မျိုးသမီးပွဲစဉ်တွင် အမေရိကန်ဆယ်ကျော်သက် Cori Gauff  (၁၅) နှစ်သည် နာမည်ကြီး ဗီးနပ်စ်ဝီလျံ ကိုအံ့သြသင့်ဖွယ် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်နို်င်ခဲ့သည်။  အမျိုးသားပွဲစဉ်တွင် နာမည်ကြီး ဖယ်ဒဲရာ နှင့် နာလ်ဒဲ တို့လည်းပွဲဦးထွက်တွင် အသီးသီးအနို်င်ရခဲ့ကြကြောင်းသိ၇သည်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.