Preview

ဇူလိူင် ၅ ရက် နောက်ဆုံးရအားကစားသတင်းများ

ဇူလိုင် ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :9399
အားကစား သတင်း


ALH (SKY) စုစည်း တင်ပြသည်။


-    ကိုပါတောင်အမေရိဘောလုံးဗိုလ်လုပွဲစဉ်ကို ဇူလိူင်လ (၈) ရက်နေ့တွင် အိမ်ရှင်ဘရာဇီလ်းအသင်း နှင့် ချီလီအသင်းကို ၃-၀ ဖြင့်အနို်င်ရခဲ့သော ပီရူးအသင်းတို့ ကစားကြမည်ဖြစ်သည်။ ယင်းနှစ်သင်းမှာ အုပ်စုအဆင့်တွင်လည်း တွေ့ဆုံခဲ့ပြီး ဘရာဇီလ်းအသင်းက ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။


တတိယနေရာလုပွဲကို အာဂျင်တီးနားအသင်းနှင့် ချီလီ တို့ တနင်္ဂနွေနေ့ကစားမည်ဖြစ်သည်။


-    အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ အမေရိကန်အသင်းနှင့် နယ်သလန်အသင်းတို့ တွေ့ဆုံနေကြပြီး လာမည့်တနင်္ဂနွေနေ့တွင်ကစားကြမည်ဖြစ်ကာ တတိယနေရာလုပွဲတွင် အင်္ဂလန်အမျိုးသမီးအသင်းနှင့် ဆွီဒင်အသင်းတို့ လာမည့် စနေနေ့တွင် ကစားကြ၇မည်ဖြစ်သည်။
-    မြောက်အမေရိကတိုက် ကွန်ကာကဖ် ဖလား ဘောလုံးပွဲစဉ် ဗိုလ်လုပွဲ သို့ မက္ကစီကိုအသင်း နှင့် အမေရိကန် အသင်းတို့ တက်ရောက်ခဲ့ပြီး တနင်္လာနေ့ နံနက်တွင် ကစားကြမည်ဖြစ်သည်။
-    ချဲလ်ဆီးအသင်းသည် အသင်းနည်းပြအဖြစ် ကစားသမားဟောင်း ဖရန့်လမ်းပတ် အားခန့်အပ်လိုက်ပြီဖြစ်သည်။
-    နယ်သာလန်ကစားသမား အာဂျင်ရော်ဘင်သည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်ကုန်ဆုံးကာ အသက် (၃၅) နှစ်အရွယ်တွင် ကစားသမားဘ၀ကအနားယူလိုက်ပြီဖြစ်သည်။
-    မန်ချက်စတာစီးတီးအသင်းသည် အသင်း၏ သမိုင်းတစ်လျှောက် စံချိန်တင်ကြေး ပေါင် (၆၂.၈) သန်းဖြင့် အက်သလက်တီကို မက်ဒရစ်အသင်း မှ စပိန်ကွင်းလယ်ကစားသမား ရိုဒရီ ကိုခေါ်ယူစာချုပ် ချုပ်ဆိုလိုက်သည်။
-    အီတလီဂန္စဝင်ဂိုးသမား ဘူဖွန် (၄၀) နှစ်သည် PSG အသင်းမှ အသင်းဟောင်းဂျူဗင်တပ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
-    အက်သလက်တီကိုမက်ဒရစ်အသင်းသည် စီရော်နယ်ဒိုလက်သစ်ဟု နာမည်ကြီးနေသော ပေါ်တူဂီ တိုက်စစ်ကစားသမား ဂျေအို ဖီလစ် (၁၉) နှစ်အား ဘင်ဖီကာအသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် (၁၁၃) သန်း (ယူရို ငွေ ၁၂၆ သန်း) ဖြင့်ခေါ်ယူလိုက်ပြီး အသင်းပြောင်းရွှေ့တော့မည့်တိုက်စစ်မှုး ဂရက်စ်မန်း၏ ကျောနံပတ် (ရ) အားပေးအပ်ခဲ့ကြောင်းသိ၇သည်။
-    မန်ယူအသင်းမှ စာချုပ်ကုန်ဆုံးကာ PSG အသင်းသို့ပြောင်းရွှေ့ခဲ့သော အန်ဒါ ဟာရေးရားသည် ပီအက်စ်ဂျီအသင်း နှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။
-    ယခုတစ်ပတ်ကစားမည့် မြန်မာနယ်ရှနယ်လိဂ်ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းသည် ဇွဲကပင်အသင်း အသင်းနှင့် အဝေးကွင်းကစား၇မည်ဖြစ်သည်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.