Preview

MNL ပွဲစဉ် (၁၅) တွင် ၇ခိုင်က ဇွဲကပင်အသင်းကို (၄-၃) ဂိုးဖြင့်အနိုင်ယူပြီး အဆင့် (၆) နေရာတက်လာ

ဇူလိုင် ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :5717
အားကစား သတင်း

ALH (SKY) တင်ပြသည်။


 Myanmar National League ဘောလုံးပွဲစဉ် (၁၅) ကိုယမန်နေ့ကရန်ကုန်မှာ ကစားခဲ့ကြရာ ရခိုင်ယူနိုက်တက်ကလပ်အသင်းက ဇွဲကပင် ယူနိုက်တက် အသင်းကို နောက်ကနေလိုက်ကာ အကြိတ်အနယ်ကစားပြီး သုံးဂိုးစီသရေကျနေချိန် ပွဲပြီးဆုံးခါနီး တိုက်စစ်မှုး ဆင်မြူရယ်၏ သွင်းဂိုးဖြင့်အနို်င်ရရှိခဲ့ပါတယ်။


ဇွဲကပင်အတွက်ဂိုးတွေကို ယာဆန် (၄)မိနစ်၊ သိန်းတန် (၅၃) မိနစ်၊ ကမ် (၅၅) မိနစ်တွေမှာကန်သွင်းယူခဲ့တာဖြစ်ပြီး ၇ခိုင်အသင်းအတွက် အောင်သန့်ဇော်က (၈)မိနစ်၊ ဇော်သိန်းဝင်း က (၆၈၊၇၆) မိနစ်တွေမှာ ချေပဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး ထပ်ဆောင်းအချိန်ပို (၉၃) မိနစ် မှာ ဆင်မြူရယ်က အနို်င်ဂိုးကန်သွင်းပြီး အဆင့် (၆) နေရာမှ ရတနာပုံအသင်း ရှူံးနိမ့်မှုကိုအခွင့်ကောင်းယူကာ တက်လှမ်းခဲ့တာဖြစ်ပါတယ်။


အဆင့်(၅) နေရာမှာတော့ ရခိုင်အသင်းနှင့် ရမှတ်တူပေမယ့် ဂိုးကွာခြားချက်နဲ့ စစ်ကိုင်းယူနိုက်တက်က ရပ်တည်နေပါတယ်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.