Preview

ကိုပါဖလား ဘရာဇီလ်းဗိုလ်စွဲနှင့် တစ်ခြားစိတ်ဝင်စားဖွယ်အားကစားသတင်းများ

ဇူလိုင် ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :7330
အားကစား သတင်း

ALH (SKY) စုစည်းတင်ပြသည်။


အိမ်ရှင်အဖြစ်ဘရာဇီလ်းနိုင်ငံကလက်ခံကျင်းပနေတဲ့ ကိုပါတောင်အမေရိကဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲမှာ ဘရာဇီလ်းအသင်းက ပီရူးအသင်းကို ၃-၁ ဂိုး ရလဒ်ဖြင့်အနိုင်၇ကာ ကိုးကြိမ်မြောက်ဆုဖလားကိုဆွတ်ခူးခဲ့ပါတယ်။


ဘရာဇီလ်းအသင်းအတွက် ဂိုးတွေကို ပွဲချိန် (၁၅) မိနစ်မှာ တောင်ပံကစားသမား အဲဗာတန် က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ပီရူးအသင်းက (၄၄) မိနစ်မှာ ပယ်နယ်တီမှတဆင့် ဂွာရဲရိုးက ချေပခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ဘရာဇီလ်းအသင်းခြေစွမ်းပြသနေတဲ့ တိုက်စစ်မှုး ဂျေဇူးက တစ်မိနစ်အတွင်း အနိုင်ဂိုးကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။


ဒုတိယပိုင်းမှာ တိုက်စစ်ပုံစံကောင်းပြသနေတဲ့ ပီရူးကြောင့်ဘရာဇီလ်းအသင်းအခက်တွေ့နေပြီး  မိနစ် (၇၀) မှာတော့ မမျှော်လင့်ဘဲ တိုက်စစ်မှုးဂျေဇူး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပြီး ပီရူးအသင်းတိုက်စစ်မြင့်တင်ကာစားခဲ့ပေမယ့် ဘရာဇီလ်းနောက်တန်းကို ထိုးမဖောက်နို်င်ဘဲ ပွဲပြီးခါနီး ဆယ်ယောက်ကျန် ဘရာဇီလ်းအသင်း ပယ်နယ်တီရခဲ့ပါတယ်။ ပွဲသိမ်းချန်ပီယံဖြစ်စေမယ့် ဒီပယ်နယ်တီဂိုးကိုတော့ လူစားဝင်တိုက်စစ်မှုး ရစ်ချက်ဆန်ကန်သွင်းပြီး သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။


ဘရာဇီလ်းအသင်းဟာ ချန်ပီယံ ဖလားမိုးခေါင်နေတဲ့ နောက်ဆုံး (၁၂) နှစ်တာကာလကို အဆုံးသတ်သွားတာလည်းဖြစ်ပါတယ်။

---------------------------
အမျိုးသမီး ကမ္ဘာ့ဖလား အမေရိကန်ဗိုလ်စွဲသော်လည်း မက္ကစီကိုအသင်းကို ရှူံးနိမ့်သော အမျိုးသားအသင်း မြောက်အမေရိကဖလား ချန်ပီယံဆုလွှဲချော်ခဲ့


အမေရိကအမျိုးသား နှင့် အမျိုးသမီး ဘောလုံးလက်ရွေးစင်အသင်းတို့ဟာ တစ်နေ့တည်း ဗိုလ်လုပွဲစဉ်ကို သက်ဆိုင်ရာ မြောက်အမေရိကဖလား နှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ယနေ့ ကစားခဲ့၇ပါတယ်။


အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကတော့ ပြင်သစ်မှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို ၂-၀ ဖြင့်အနို်င်၇ပြီး စံချိန်တင်လေးကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။


တစ်ဖက်မှာတော့ အမေရိကန်အမျိုးသားလက်ရွေးစင်အသင်းဟာ မြောက်အမေရိက ကွန်ကာကဖ်ဖလား ဗိုလ်လုပွဲမှာတော့ ပြိုင်ဖက် မက္ကစီကိုအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှူံးနိမ့်ခဲ့ပြီး ချန်ပီယံဆုနှင့်လွှဲချော်ခဲ့ပါတယ်။ မက္ကစီကိုအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် မီနစ် (၇၀) မှာ ဒေါ့ဆန့်တိုးက သွင်းယူခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှော်က (၈) ကြိမ်မြောက်ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.