သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ၂ဝ၁၉ ခုနှစ် မိုးရာသီ အမျိုးသား (အလွတ်တန်း) ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သြဂုတ်လ၂၄ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၎င်းဘောလုံးပြိုင်ပွဲအား စေတနာရှင်လူမှုကူညီရေးအသင်း (မာန်အောင်မြို့) မှ ဦးဆောင် ကျင်းပမည်ဖြစ်ကြောင်း၊ ဘောလုံးပွဲမှာ တစ်လနှင့် ၁ဝ ရက်ခန့်ကြာနိုင်ကြောင်း စေတနာရှင် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်တို့ အသင်းက ဦးဆောင်ပြီး ဒီပြိုင်ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ မာန်အောင် မြို့ပေါ် ရပ်ကွက်တွေ အပါအဝင် မာန်အောင်မြို့နယ်က ရွာပေါင်းစုံကို ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်။ ပြိုင်ပွဲဝင်မယ့်  ဘောလုံးအသင်းများမှာ ဒီကနေ့ စာရင်းအရ ၁၅ သင်းရှိနေပါပြီ။ မနက်ဖြန်မှ အသင်းအရေအတွက်ကို အတိအကျသိရမှာပါ”ဟု ၎င်းက ပြောသည်။

ဘောလုံးပွဲကို မာန်အောင်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အဓိက လူငယ်တွေရဲ့ အားကစားရှင်သန်ထက်မြက်လာမည့်ရည်ရွယ်ချက်နဲ့ လူငယ်တွေ အားကစားကို စိတ်ဝင်စားပြီး ကျန်းမာသန်စွမ်း ပျော်ရွှင်နိုင်ရေးကို ရည်ရွယ်ပြီး ပြုလုပ်တာပါ။   ဆုကတော့ ပုံမှန် ဘောလုံးပြိုင်ပွဲတွေမှာလိုပဲ။ ပထမဆုရယ်၊ ဒုတိယဆုရယ်ပါမှာပါ။ ငွေသား ဆုချသွားမှာဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

၎င်းဘောလုံးပြိုင်ပွဲတွင် အသက်အရွယ်ကန့်သတ်မှုမရှိဘဲ မည်သူ မဆိုပါဝင်နိုင်သည့် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

သြဂုတ် ၂၄ ရက်နေ့ ဘောလုံးပွဲ ဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာ လူကြီးများ၊ မြို့မိမြို့ဖများလည်း တက်ရောက်ကြမည်ဟု သိရသည်။

ဆက်စပ် သတင်းများ