ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၆/ ၂၀၂၀
Rakhine United FC ဘောလုံးအသင်းကို ရခိုင်မြေမှ ပရိသတ်များ အားပေးမှုလိုအပ် နေကြောင်း အသင်း၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်လည်းဖြစ်သူ နေထက်လင်းက ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ ရခိုင်အသင်းကို မြို့မိ၊ မြို့ဖတွေက အသင်းကို ကူပြီးတော့ အားပေးလာအောင်ပါ။ နောက် ကျွန်တော်တို့မှာ အခက်အခဲတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ကို ဝိုင်းပြီးတော့ အားပေးရင် ကျေနပ်ပါတယ်။ ကျွန်တော်တို့အသင်း ဒီထက်ကြာကြာရပ်တည်နို်င်အောင် ကျွန်တော်ကြိုးစားနေတာပါ။ မဟုတ်လို့ရှိရင် ပျောက်ကွယ်သွားမှာ စိုးရပါတယ်။ ရပ်တည်ဖို့ ပရိသတ်လိုပါတယ်။ ဖန်တွေလိုပါတယ်။ ဒါကြောင့် လာပြီးအားပေးဖို့အတွက် ကျွန်တော်တို့ လှုံ့ဆော်နေတာပါ”ဟု နေထက်လင်းက နိရဥ္စရာသတင်းကို ပြောသည်။
Rakhine United FC နှင့်ပတ်သက်ပြီး အသင်းဒုဥက္ကဋ္ဌ နေထက်လင်း အပါအဝင် အသင်းမှ ဘောလုံးအားကစားသမားများနှင့် စစ်တွေမြို့ရှိ ဘောလုံးအားကစား ဝါသနာရှင်လူငယ်များက ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီခန့်က စစ်တွေမြို့ ဦးဥတ္တမခန်းမရှေ့ လမ်းမကြီးတွင် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ခြင်းနှင့် ဘောလုံးပွဲလက်မှတ်များ ရောင်းချနေစဉ် နေထက်လင်းက နိရဥ္စရာသတင်းဌာနကို ပြောဆိုသွားခြင်းဖြစ်သည်။
Rakhine United FC ၏အိမ်ကွင်းဖြစ်သော စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်းတွင် ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲတွင် Rakhine United FC နှင့် တက်သစ်စ ဘောလုံး အသင်းတစ်ခုဖြစ်သော IFPE FC အသင်းတို့ ယှဉ်ပြိုင်ကစားရန်ရှိသည်ဟုလည်း သိ၇သည်။
------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂၆/ ၂၀၂၀