မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဇန်နဝါရီ ၂၇ / ၂၀၂၀
ဇန်နဝါရီ ၂၆ ရက်နေ့က စစ်တွေအိမ်ကွင်းပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းက အားကာသိပ္ပံအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကြောင်း သိ၇သည်။
၂၀၂၀ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံးပွဲစဉ်အဖြစ် ဝေသာလီအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားကြရာ၌ ရခိုင် ယူနိုက်တက်အသင်းက အနိုင်ရရှိခြင်း ဖြစ်သည်။
"အခုကတော့ ကျနော်တို့ မြန်မာနေရှင်နယ်လိဂ်မှာ အမှတ်ပေးပြိုင်ပွဲမှာ အခုဟာက ပွဲစဉ် ၃ ပေါ့လေ။ ပွဲစဉ် ၃ မှာ အိမ်ကွင်း ပထမဆုံးပွဲပါ။ ဒီ ၂၀၂၀ ဘောလုံးရာသီအတွက် အိမ်ကွင်းပထမဆုံးပွဲမှာ ကျနော်တို့ အနိုင်ရတာပါ။ ကျနော်တို့ ဒီပွဲကို အနိုင်၇တဲ့အတွက် လောလောဆယ် အမှတ်ပေးဇယားအဆင့် (၄)မှာပဲ ရှိပါတယ်"ဟု ရခိုင်ယူနိုက်တကေ် ဘာလုံးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။
ရခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း အိမ်ကွင်းဖြစ်သည့် ဝေသာလီဘောလုံး အားကစားကွင်း၌ ရတနာပုံဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ရန်ရှိသည်။
ယင်းနောက် ချင်းအသင်း၊ မကွေးအသင်းတို့နှင့်လည်း ဖေဖော်ဝါရီလအတွင်း ဆက်တိုက် ယှဉ်ပြိုင်ရန်ရှိသည်ဟုလည်း ဆိုသည်။
"ကျနော်တို့ စစ်တွေမှာ လေးပွဲဆက်တိုက်ကန်၇မယ်။ ပထမအကျော့မှာ အိမ်ကွင်း စစ်တွေမှာ ၆ ပွဲကန်၇မယ်။ မနေ့ဆို ပထမဆုံးပွဲပေါ့လေ။ ပထမဆုံးပွဲမှာ နိုင်ပါတယ်။ ဒုတိယအကျော့မှာ အိမ်ကွင်း ၅ ပွဲရှိပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကိုတော့ မေလမှာ စမှာဖြစ်ပါတယ်"ဟု ကိုသက်ထူးနိုင်ဦးက ပြောသည်။
၇ခိုင်ယူနိုက်တက်ဘောလုံးအသင်းသည် ၂၀၂၀ ဘောလုံးရာသီတွင် အိမ်ကွင်း ၁၁ ပွဲနှင့် အဝေးကွင်း ၁၁ ပွဲယှဉ်ပြိုင်သွားရမည်ဟုလည်း သိ၇သည်။
ဓာတ်ပုံ - RUFC
---------------------------
Unicode: